491 - 495

300 28 0
                                    


ထာဝရနဂါးတန်ခိုးရှင် (လုမင် )
မူရင်း စာရေးဆရာ - Mu Tong Ting Zhu
ဘာသာပြန်သူ      - ထာဝရ
အပိုင်း ( 491 )  လက်ဆောင်

လုမင် တိတ်တဆိတ် အံ့ဩသွားရသည်။ ဤနေရာဟာ အလွန်ထူးခြား၏။ အောက်ဆင်းလာလေ၊ မီးစွမ်းရည်ချီစွမ်းအင်များက ပို၍ ရုံ့ရမ်းကြမ်းတမ်းလာခြင်းပင် ဖြစ်သည်။

သို့ဖြစ်ပေရာ ဤနေရာက ဘာများဖြစ်သနည်း။ ဤမျှထူးခြားသော ဧရိယာက မည်သို့ ဖြစ်လာရသနည်း။

လုမင်လည်း သိလိုစိတ်ပြင်းစွာဖြင့် အောက်ဘက်သို့ ဆက်ဆင်းသွားသည်။

"ဝုန်း"
ရုတ်တရက် လုမင်ဟာ မီးတောင်ထဲသို့ ဆင်းသက်လိုက်ရသည့်နှယ် ခံစားလိုက်ရသည်။ သန်မာသော လောင်ကျွမ်းမှု စွမ်းအားများဟာ သူ့ခန္ဓာကိုယ်အတွင်း၌ ပြည့်လျှမ်းသွား၏။

'ဒီမီးစွမ်းရည်ချီတွေက တကယ်ကို သာမန်မဟုတ်ဘူး'
လုမင်လည်း မီးတာအိုသန္ဓေနှင့် မီးစွမ်းရည်ချီကိုခုခံကာ ပတ်ဝန်းကျင်ကို အကဲခတ်လိုက်သည်။

ဆယ့်သုံးလွှာတွင် အခန်းက အလွန်သေးငယ်သွားရ၏။ လျှို့ဝှက်ခန်းများကလည်း သာမန်အရွယ်အစားသာရှိပြီး နံရံများက ကျောက်ဖြစ်နေခဲ့ပြီ ဖြစ်သည်။

ထို့ထက်တော့ ဘာမျှ မရှိတော့ပေ။ သို့တိုင် လုမင်ဟာ သူ့ခြေထောက်အောက်မှ တိုးထွက်လာသော မီးစွမ်းရည်ချီများကို ခံစားနေရဆဲဖြစ်သည်။

'အရင်တုန်းက တော်ဝင်မိသားစုရဲ့ သိုင်းဘုရင်က အောက်ကို ဆက်မဆင်းနိုင်တော့ဘဲ ဒီအထိပဲ တူးဖော်နိုင်ခဲ့ပုံရတယ်..။ ဒီမီးချီအပူချိန်က သာမန် သိုင်းဘုရင်တွေရဲ့ ခံနိုင်ရည်ကို ကျော်လွန်နေခဲ့ပြီ'
လုမင် တွေးလိုက်သည်။

သို့ရာတွင် လုမင်က အဆင့်တစ် သိုင်းဘုရင်ဖြစ်သည့်တိုင် သာမန်လူတစ်ယောက် မဟုတ်ပေ။

သူဟာ သာမန် အဆင့်သုံး သိုင်းဘုရင်များကို ယှဉ်နိုင်ပေ၏။

သူ့ခန္ဓာကိုယ်ကို တာအိုသန္ဓေသုံးမျိုးနှင့် ပေါင်းစပ်ကာကွယ်၍ အစစ်အမှန်ချီ ပေါက်ကွဲလိုက်သည်နှင့် မီးချီများဟာ မထိခိုက်စေနိုင်တော့ပေ။

ထာ၀ရနဂါး တန်ခိုးရှင် ( လုမင် ) (Ch 1 - 985 ) Book 1Where stories live. Discover now