856 - 860

253 24 0
                                    

ထာဝရနဂါးတန်ခိုးရှင် ( လုမင် )
မူရင်း စာရေးဆရာ - Mu Tong Ting Zhu
ဘာသာပြန်သူ      - ထာဝရ
အပိုင်း ( 856 ) ဖူရုပ်သေးဂိုဏ်း၏ အကြီးအကဲများ။

"ပိုင်ရှီကျင်း၊ ငါတို့ ဒီကိစ္စကို နောက်မှပြောကြတာပေါ့၊ အခု စီးပွားရေးအကြောင်း အရင်ပြောရအောင်"
ရန်ခွမ်းစုက ပြောလိုက်သည်။

"ဘာကိစ္စရှိလို့လဲ၊ ရန်ခွမ်းစု... မင်းတို့နှစ်ယောက်က ငါ့ဖူရုပ်သေးဂိုဏ်းကို အားကိုးချင်နေတာလား။ ပြောရမယ်ဆိုရင် ကောင်းကင်ဘုံနတ်ဆိုးချိုင့်ဝှမ်းနဲ့ ကောင်းကင်အလောင်းကောင်ဂိုဏ်းက ပိုကောင်းတဲ့ရွေးချယ်မှုပဲ မဟုတ်လား။ သူတို့တွေပဲ ကောင်းကင်ဧကရာဇ်ဘုရားကျောင်းကို ယှဉ်ပြိုင်နိုင်စွမ်း ရှိလိမ့်မယ်"
ပိုင်ရှီကျင်းက သူ့မုတ်ဆိတ်မွေးကို ပွတ်ပြီး ပြောလိုက်သည်။

"ပိုင်ရှီကျင်း၊ မင်းမှားနေပြီ။ ငါက ဖူရုပ်သေးဂိုဏ်းမှာ ခိုလှုံဖို့ လာတာမဟုတ်ဘူး၊ လုမင် ဖူရုပ်သေးဂိုဏ်းကို အုပ်ချုပ်တဲ့နေရာမှာ ကူညီပေးဖို့ပဲ"
ရန်ခွမ်းစုက ပြောလိုက်သည်။
 
"မင်းဘာပြောလိုက်တာလဲ"
ပိုင်ရှီကျင်း၏ မျက်လုံးများက ရုတ်တရက် အေးစက်သွားခဲ့သည်။ သူ့ခန္ဓာကိုယ်မှလည်း အစွမ်းထက်အရှိန်အဝါများ ပေါက်ကွဲ ထွက်ပေါ်လာခဲ့၏။ သူက ရန်ခွမ်းစုကိုစိုက်ကြည့်ကာ ပြောလိုက်သည်။
"ရန်ခွမ်းစု၊ ဒါက ရယ်စရာ မဟုတ်တော့ဘူး"

"ငါနောက်နေတာ မဟုတ်ဘူး၊ မင်းကို တိုက်ရိုက်ပဲ ပြောမယ်၊ လုမင်က ဆရာကြီးလျန်ခန်းရဲ့ ဆက်ခံသူပဲ"
ရန်ခွမ်းစုက ပြောလိုက်သည်။

"ဘာ၊ မင်းဘာပြောလိုက်တာလဲ"
ဤတစ်ခါတော့ ပိုင်ရှီကျင်းမှာ သူ့စိတ်ခံစားချက်များကို မထိန်းချုပ်နိုင်လုဘဲ အော်ဟစ်လု‌နီး ဖြစ်သွားသည်။ သူ့မျက်လုံးများလည်း ပြူးကျယ်သွားကာ လုမင်ကို ထိတ်လန့်တကြားဖြင့် ကြည့်လိုက်၏။

"ဘိုးဘေးသခင်လျန်ခန်းလား၊ သခင်ပျောက်နေတာ နှစ်သုံးထောင်ရှိပြီ။ မင်းတို့ ဘယ်မှာ မြင်ခဲ့ရတာလဲ၊ ငါ့ကို လိမ်ဖို့ မကြိုးစားနဲ့နော်"
ပိုင်ရှီကျင်းက ဆက်တိုက် မေးလိုက်သည်။

ထာ၀ရနဂါး တန်ခိုးရှင် ( လုမင် ) (Ch 1 - 985 ) Book 1Where stories live. Discover now