16 - 20

508 45 0
                                    

ထာဝရနဂါး တန်ခိုးရှင် ( လုမင် )
မူရင်း စာရေးဆရာ - Mu Tong Ting Zhu
ဘာသာပြန်သူ       - ကိုခန့်
အပိုင်း ( 16 ) မီးလျှံထဲမှာလျှောက်လှမ်းရတာလွယ်တယ်

"ကောင်းပြီ… ပထမစမ်းသပ်မှု စတင်မယ်"
လုယွမ်ဖုန်း ကြေညာလိုက်သည်။

စင်မြင့်ရဲ့ဘယ်ဘက်မှာ ကျောက်စိမ်းနှင့်ပြုလုပ်ထားတဲ့ ‌စင်မြင့်တစ်ခုရှ်ိပြီး စုစုပေါင်းလှေကားကိုးဆင့်ရှိပါသည်။ယင်းက မီးလျှံလှေကားပင်။

ယင်းကို လုမိသားစုက လက်မှုပညာရှင်တစ်ဦးကိုပြုလုပ်စေခဲ့ခြင်းဖြစ်သည်။လှေကားပေါ်မှာတော့ ဆန်းကျယ်တဲ့ အက္ခရာတွေကို ရေးထွင်းထားလေ၏။

လှေကားပေါ်ကိုတက်လိုက်တာနှင့် ထိုအက္ခရာတွေက အသက်ဝင်လာကာ ပူပြင်းတဲ့မီးလျှံအရှိန်အဝါ‌တွေနှင့် ထိုလူကိုဝါးမြိုလိုက်မည်သာ။

စင်မြင့်ပေါ်ကိုရောက်ချင်ရင် ထိုမီးလျှံတွေရဲ့အပူကို ကြံ့ကြံ့ခံနိုင်ရမည်ဖြစ်သည်။

ယင်းက အစစ်အမှန်မီးလျှံမဟုပ်ပေမယ့် အစစ်အမှန်မီးလျှံလို ပူပြင်းမှုမျိုးကို ခံစားရစေမည်ဖြစ်၏။

ထို့အပြင် ခြေလှမ်းတိုင်းမှာ မီးအပူရှိန်က ပိုပြင်းထန်ပေလိမ့်မည်။

လက်ရှိစမ်းသပ်မှုက ထိုမီးလျှံတွေအောက်မှာ ဘယ်လောက်ကြာကြာနေနိုင်သည်၊ လှေကားဘယ်လောက်ထိ တက်လှမ်းနိုင်မည်ဆိုတာကို စမ်းသပ်ခြင်းပင်။

လှေကားအဆင့်ခြင်းတူနေရင်တောင်မှ ပိုကြာကြာနေနိုင်သူက စိတ်စွမ်းအင်ပိုမြင့်မားသည်၊စိတ်ဓါတ်ပိုကြံ့ခိုင်သည်ဟု သတ်မှတ်ရပေမည်။

"ကျွန်တော်အရင်သွားမယ်"
အသက် ဆယ့်ခြောက်နှစ်အရွယ် လုမိသားစုမှ ကောင်လေးတစ်ဦးက မီးလျှံလှေကားဆီကို လျှောက်သွားလိုက်ပါသည်။ပထမအဆင့်ကို ခြေချလိုက်တာနှင့် မီးအလင်းရောင်တွေက ဖြာထွက်လာခဲ့တော့သည်။

ထိုလူငယ်ရဲ့ အသားအရေတောင်မှ အနည်းငယ်ပြောင်းလဲသွားပြီး နာကျင်နေဟန်နှင့် အံကြိတ်လိုက်ပါသည်။သို့ပေမယ့် သူက ဒုတိအဆင့်ကိုတက်သွားလိုက်ပြီး တတိယအဆင့်ကိုပါ ဆက်လက်‌တက်ရောက်သွားလေသည်။

ထာ၀ရနဂါး တန်ခိုးရှင် ( လုမင် ) (Ch 1 - 985 ) Book 1Where stories live. Discover now