506 - 510

278 24 0
                                    


ထာဝရနဂါးတန်ခိုးရှင် (လုမင် )
မူရင်း စာရေးဆရာ - Mu Tong Ting Zhu
ဘာသာပြန်သူ      - ထာဝရ
အပိုင်း ( 506 ) ရုပ်ပျက်ဆင်းပျက်

"ထွက်ပြေးချင်တယ်လား၊ အိပ်မက်မက်နေတာပဲ... သတ်၊ သတ်... အားလုံးကိုသတ်"
အလွန်အစွမ်းထက်သော အရှိန်အဝါရှိ အလောင်းစောင့်တစ်ဦးက အော်ဟစ်လိုက်သည်။ ၎င်း၏ သန့်စင်အလောင်းကလည်း ဘုရင်ငယ်တစ်ယောက်ထံ ခုန်ဝင်သွား၏။

"ဝှစ် ဝှစ်..."
‌အနက်ရောင် မြွေကြီးများကဲ့သို့ သံကြိုးနက်ကြီးများကလည်း ဝေ့ဝဲကာ ပျံသန်းလှုပ်ရှားလာတော့သည်။

သံကြိုးနက်ကြီးများဟာ လှံရှည်ကဲ့သို့ ထိုးဖောက်ရန်၊ သို့မဟုတ် ကြိုးတစ်ချောင်းကဲ့သို့ ချည်နှောင်ရန် ကြိုးစားလာကြသည်။

"ဂျုန်း ဂျုန်း"
သာမန် ကောင်းကင်နတ်ဘုရားများ၏ တိုက်ခိုက်မှုဟာ သံကြိုးကြီးများကို အနောက်ပြန်လွင့်စေရုံသာ တတ်နိုင်သည်။ ဘုရင်ငယ်သုံးပါး၏ တိုက်ခိုက်မှုသာ သံကြိုးကြီးများကို ချိုးဖြတ်နိုင်၏။

သို့သော်...

"ဝှစ် ဝှစ်"
ဘုရင်ငယ် သန့်စင်အလောင်းကိုးကောင်က တိုက်ပွဲအတွင်းသို့ ဝင်ရောက်လာသည်။ ၎င်းတို့က သံကြိုးနက်ကြီးများကိုဆွဲယူကာ ဘုရင်ငယ်သုံးယောက်ကို တိုက်ခိုက်လိုက်ကြ၏။

ကျယ်လောင်သော ပေါက်ကွဲသံများ ထွက်ပေါ်လာပြီး ဘုရင်ငယ်သုံးယောက်ပင် ဖောက်မထွက်နိုင်တော့ပေ။

"ချီးပဲ"

"ဘယ်လိုလုပ်ရပါ့..."

တချို့လူများဟာ ထိတ်လန့် တုန်လှုပ်လာကြသည်။

"သတ်"
အလောင်းစောင့်များက အော်ဟစ်လိုက်၏။

သန့်စင်အလောင်းများကလည်း သံကြိုးနက်ကြီးများနှင့် အပြင်းအထန် တိုက်ခိုက်ကြတော့သည်။

တချို့ကလည်း သံကြိုးနက်ကြီးများ၏ တိုက်ရိုက် ထိုးဖောက်ခံရပြီး သေဆုံးကုန်သည်။

အသက်ရှူချိန်အနည်းငယ်အတွင်း နောက်ထပ်လူလေးယောက် သေဆုံးသွား၏။

"တက်"
ကျွမ်းဟုန် အော်ဟစ်၍ အရှေ့ကို တိုက်ခိုက်ရင်းပြေးထွက်သွားသည်။

ထာ၀ရနဂါး တန်ခိုးရှင် ( လုမင် ) (Ch 1 - 985 ) Book 1Where stories live. Discover now