446 - 450

281 31 0
                                    

ထာဝရနဂါးတန်ခိုးရှင် ( လုမင် )
မူရင်း စာရေးဆရာ - Mu Tong Ting Zhu
ဘာသာပြန်သူ      - ထာဝရ
အပိုင်း ( 446 ) ဖိနှိပ်ခြင်း

၎င်းက လေတာအိုသန္ဓေအရိပ်အမြွတ်ကိုသာ နားလည်ခဲ့ခြင်းဖြစ်၍ တာအိုသန္ဓေသိပ်သည်းရန်ဟာ အဝေးကြီးတွင် ရှိသေး၏။ သို့တိုင်အောင် ယင်းက မဟာတိုးတက်မှုကြီးတစ်ခု ဖြစ်နေခဲ့ချေပြီ။

"လေတာအိုကျောက်ကိုးခုတောင် ကျန်သေးတာပဲ..။ လေတာအိုသန္ဓေကို ပိုပြီးတော့ နားလည်လာအောင် သုံးပစ်လိုက်တော့မယ်"
လုမင်လည်း လေစွမ်းရည် တာအိုကျောက်များကို ဆက်လက် ချေမွပစ်လိုက်သည်။

သည်တစ်ကြိမ်မှာတော့ လုမင်ဟာ တာအိုသန္ဓေအမျှင်များစွာကို စုပ်ယူနိုင်ခဲ့၏။

သူ၏ စုပ်ယူနိုင်စွမ်းဟာ ယခင်ကထက် များစွာပိုမိုခဲ့ချေပြီ။

လေတာအိုသန္ဓေ အရိပ်အမြွတ်ကို နားလည်ခဲ့သောကြောင့်လည်း သူ၏ လေတာအိုကျောက်အား အသုံးပြုနိုင်စွမ်းဟာ ပို၍သန်မာ‌ခဲ့၏။

လုမင်၏ လေတာအိုသန္ဓေအပေါ် နားလည်မှုကလည်း ပို၍ နက်ရှိုင်းလာတော့သည်။

လေတာအိုကျောက် ကိုးခုစလုံး ကုန်ဆုံးသွားမှ လုမင် ရပ်လိုက်သည်။

'အခု လေတာအိုသန္ဓေကို ခဏဘေးချိတ်ပြီး မီးတာအိုသန္ဓေကို နားလညါဆင်ခြင်ရမယ်...။ ပြီးရင်  မိုးကြိုးစွမ်းရည်ကို နားလည်နိုင်ဖို့ အခွင့်အရေးကောင်းတွေ ရှာရမယ်'

'နောက်ပြီး နောက်နှစ်ရက်ကြာရင် မီးနန်းတော်ရှင်က တံခါးဖွင့် ဟောပြောပွဲပြုလုပ်အုံးမှာ..။ ငါလက်လွှတ်ခံလို့ မရဘူး'
တွေးပြီးနောက် လုမင် ဆက်လက် လေ့ကျင့်လိုက်သည်။

အချိန်နှစ်ရက်ဟာ မျက်စေ့တစ်မှိတ်အတွင်း ကုန်လွန်သွားခဲ့၏။

လုမင်လည်း မီးနန်းတော်ဆီသို့ ထွက်လာခဲ့တော့သည်။

နောက်ဆုံးတစ်ခေါက်က လေနန်းတော်ကဲ့သို့ပင် လူနှစ်ထောင်ခန့် ရောက်ရှိလာကြသည်။

အတွင်းပိုင်းအပြင်အဆင်ကလည်း လေနန်းတော်နှင့် အတူတူပင် ဖြစ်၏။ လုမင်လည်း ခန်းမအတွင်းသို့ လှမ်းဝင်သွားကာ ဝတ်ပြုထိုင်ဖုံတစ်ခုတွင် ထိုင်လိုက်သည်။

ထာ၀ရနဂါး တန်ခိုးရှင် ( လုမင် ) (Ch 1 - 985 ) Book 1Where stories live. Discover now