701 - 705

271 24 0
                                    


ထာဝရနဂါးတန်ခိုးရှင် ( လုမင် )
မူရင်း စာရေးဆရာ - Mu Tong Ting Zhu
ဘာသာပြန်သူ      - ထာဝရ
အပိုင်း ( 701 ) တံဆိပ်ခတ်ထားသော ‌ချောက်

လုမင်နှင့် အကြီးအကဲက တစ်ယောက်ကိုတစ်ယောက်ကြည့်ပြီး ခေါင်းညိတ်လိုက်သည်။

"အကြီးအကဲချီစု မျိုးနွယ်စုကို သတင်းပို့ဖို့ အရင်ပြန်နှင့်ပါ။ ကျွန်မနဲ့အကိုလုက အနောက်ကနေ လိုက်ခဲ့မယ်"
ချီယွဲ့က အကြီးအကဲချီစုကို ပြောလိုက်သည်။

"ဒါပေမဲ့ သခင်မလေး…"
အကြီးအကဲချီစုသည် မူလက ငြင်းဆန်လိုက်ချင်သော်လည်း ချီယွဲ့၏ ပြတ်သားသောမျက်လုံးအကြည့်ကို မြင်သောအခါ သက်ပြင်းချပြီး ထွက်သွားလေတော့သည်။

"လုမင်၊ ကျွန်မက ရှင်နဲ့ ခဏလောက်ပဲ တိုက်ခိုက်ခဲ့ပေမဲ့ ရှင့်ရဲ့ ကမ္ပည်းကျွမ်းကျင်မှုနဲ့ ကမ္ပည်းအစီရင်ကျွမ်းကျင်မှုကို မြင်ခဲ့ရပါတယ်။ ရှင့်မှာ တခြားနည်းလမ်းတွေလည်း ရှိသေးတယ်မဟုတ်လား"
ချီယွဲ့က ရုတ်​တရက်​​မေးလိုက်​သည်​။ သသူ့မျက်လုံးထဲတွင််လည်း ​မျှော်​လင့်​ချက်​အရိပ်​အ​ယောင်​တစ်​ခု​ ဖြစ်ပေါ်လာခဲ့၏။

"အမှန်ပါပဲ"
လုမင်က ခေါင်းညိတ်ပြီး ပြောလိုက်သည်။

"ကောင်လေး၊ မင်းက ဘာအဓိပ္ပာယ်လဲ။ မင်းရဲ့ ကမ္ပည်းအားလုံးကို ဒီကိုယ်တော်က ပေးခဲ့တာနော်။ ဒီကမ္ဘာပေါ်မှာ ဘယ်သူက ငါ့ထက်ပိုပြီး သိမှာလဲ"
တန်တန်က စိတ်မသက်မသာနှင့် အော်လိုက်သည်။

"ဟင်၊ ရှင့်လိပ်ကလေးက စကားပြောတတ်တာလား"
ချီယွဲ့က အံ့ဩသွားကာ တန်တန့်ကို အထူးအဆန်းသဖွယ် ကြည့်လိုက်သည်။

“ဒါ့ပေါ့ကွ၊ မင်းတောင် ပြောနိုင်‌သေးတာ... ငါက ဘာဖြစ်လို့ မပြောနိုင်ရမှာလဲ။ ဒါက  အရမ်းထူးဆန်းနေတာလား"
တန်တန်က သူ့နှုတ်ခမ်းကို တွန့်ကွေး၍ ချီယွဲ့ကို  အထင်အမြင်သေးစွာ ကြည့်လိုက်သည်။

ယင်းက ချီယွဲ့၏ ပါးစပ်ကလေးကို အံ့အားသင့်မှုကြောင့် ဝလုံးသဏ္ဍန် ဝိုင်းစက်သွားစေခဲ့သည်။ သူက တောက်ပသောမျက်လုံးတို့ဖြင့် တန်တန့်ကို ကြည့်လိုက်၏။

လုမင်လည်း မချိပြုံး ပြုံးလိုက်သည်။ အချိန်အတော်ကြာပြီးနောက် လုမင်သည် ဤမြေအောက်ကမ္ဘာတွင် နတ်ဆိုးသားရဲများရှိသော်လည်း ဉာဏ်ရည်အလွန်နိမ့်ကြောင်း သိထားခဲ့လေပြီ။ ဤနေရာတွင် သိုင်းဘုရင်နယ်ပယ် သားရဲများပင် သာမန်တောတိရစ္ဆာန်များထက် အနည်းငယ်ပဲ သာလွန်သည်။ ၎င်းတို့က လုံးဝ စကားမပြောနိုင်ပါ။ ထို့ကြောင့် ချီယွဲ့ အံ့သြသွားသည်က အံ့သြစရာတော့ မဟုတ်ပေ။

ထာ၀ရနဂါး တန်ခိုးရှင် ( လုမင် ) (Ch 1 - 985 ) Book 1Where stories live. Discover now