916 - 920

252 26 0
                                    

ထာဝရနဂါးတန်ခိုးရှင် ( လုမင် )
မူရင်း စာရေးဆရာ - Mu Tong Ting Zhu
ဘာသာပြန်သူ      - ထာဝရ
အပိုင်း ( 916 ) ခွန်အားအတွက် ကြီးမားသောတိုးတက်မှု။

လုမင်၏ ကျင့်ကြံခြင်းက ဝိညာဉ်သန္ဓေသားနယ်ပယ် ဒုတိယအဆင့်သို့ ချိုးဖြတ်သွားခဲ့သည်။ သူ့ခွန်အားကလည်း အဆမတန် တိုးလာခဲ့၏။

လုမင်လည်း သူ့ခန္ဓာကိုယ်တွင်း၌ စွမ်းအားပြည့်နေသကဲ့သို့ ခံစားနေရတော့သည်။

"ဂါး"
ထိုအခိုက်တွင် ရွှေရောင်ချက္ကရငါးခုဖြင့် နဝမနဂါးသွေးမျိုးဆက်က ထွက်ပေါ်လာသည်။

နဝမနဂါးသွေးမျိုးဆက်ကလည်း နတ်ဘုရားအဆင့်ငါးကို ထပ်မံတိုးတက်ခဲ့၏။

ဤအရာအားလုံးမှာ ဝိညာဉ်သန္ဓေသားနယ်ပယ် အဆင့်ခုနစ်မှ သရီးအိုင်းမျိုးနွယ်စု ခေါင်းဆောင်၏ ကျေးဇူးကြောင့် ဖြစ်သည်။ ၎င်းသည် အမှန်တကယ် အစွမ်းထက်၏။ သွေးအနှစ်သာရဖြစ်စေ၊ စွမ်းအင်ပင်ဖြစ်စေ... အရာအားလုံးတွင် အင်မတန် အစွမ်းထက်လှသည်။ မဟုတ်ပါက လုမင်အနေဖြင့် ဤမျှကြီးမားသောတိုးတက်မှုကို ရရှိခဲ့ရန် မဖြစ်နိုင်ပါချေ။

"နောက်ပြီး လေ၊ မီး၊ မိုးကြိုး တာအိုတွေကလည်း အဆင့်သုံး ဝင်ရောက်ခြင်းရဲ့ အထွတ်အထိပ်ကို ရောက်ရှိသွားခဲ့ပြီ၊ ဒါက သေးငယ်သောအောင်မြင်ခြင်းကို ခြေတစ်လှမ်းပဲ ကွာဝေးတော့တယ်။ မြေတာအိုကလည်း အဆင့်သုံး ဝင်ရောက်ခြင်းရဲ့ နှောင်းပိုင်းအဆင့်ကို ရောက်သွားပြီ"
လုမင်၏ မျက်လုံးများက စိတ်လှုပ်ရှားမှုများဖြင့် ပြည့်နှက်နေသည်။

နဝမနဂါးသွေးမျိုးဆက်၏ ဤလုပ်ဆောင်ချက်က ကောင်းကင်ကိုပင် ဆန့်ကျင်နိုင်စွမ်းရှိသည်။ ၎င်းက လုမင်၏ ကျင့်ကြံခြင်းကို အရှိန်မြှင့်ပေး၏။ အနာဂတ်တွင် တာအိုများစွာကို လေ့ကျင့်ရန်ပင် လုံးဝဖြစ်နိုင်ချေ ရှိသည်။

'ဒီတစ်ခါ လေ့ကျင့်တာက တာအိုပဲဖြစ်ဖြစ် ယွမ်ချီစွမ်းအင်ပဲဖြစ်ဖြစ် တိုးတက်မှုက အရမ်းကောင်းပါတယ်၊ ဒါပေမဲ့ အညစ်အကြေးတွေ ရှိလာသလို ခံစားရတယ်။ ဒီအတိုင်းဆိုရင်တော့ နောက်ကာလတွေမှာ မဝါးမျိုသေးဘဲ အရင်ဆုံးအုတ်မြစ်ကို တည်ငြိမ်အောင်လုပ်ဖို့ အချိန်ယူသင့်တယ်'
လုမင် တိတ်တဆိတ် တွေးလိုက်မိသည်။

ထာ၀ရနဂါး တန်ခိုးရှင် ( လုမင် ) (Ch 1 - 985 ) Book 1Where stories live. Discover now