476 - 480

271 28 0
                                    


ထာဝရနဂါးတန်ခိုးရှင် ( လုမင် )
မူရင်း စာရေးဆရာ - Mu Tong Ting Zhu
ဘာသာပြန်သူ      - ထာဝရ
အပိုင်း ( 476 ) သိုင်းဘုရင်နယ်ပယ် တန်ခိုးရှင်

နောက်ဆုံးတွင် ဆဋ္ဌမ‌မြောက် မိုးကြိုးကပ်ဘေးကို ကျော်ဖြတ်နိုင်သွားသည်။

သို့သော်လည်း ကောင်းကင်ယံရှိ တိမ်မည်းကြီးများက ပျောက်ကွယ်သေးပုံ မရပေ။ ၎င်းက မြေပြင်ပေါ်ရှိ အနှီပုရွက်ဆိတ်နှစ်ကောင်ကို ဖျက်ဆီးရန် အားအင် စုဆောင်းနေပုံရ၏။

"မ.. မဟုတ်ဘူး... ဒါဘယ်လိုလုပ်ပြီး ဖြစ်နိုင်မှာလဲ..။ မင်းမလုပ်နိုင်ဘူး..။ မင်းဒါကို ဘယ်လိုလုပ်ပြီး လုပ်နိုင်မှာလဲ"
ယင်းကိုမြင်ပြီးနောက် အနက်ရောင်ဝတ်လူငယ်  ထိတ်လန့်တကြားဖြင့် အော်ဟစ်လိုက်သည်။

သို့သော် နောက်အခိုက်အတန့်တွင်...

"ဂျိန်း ဂျလိန်း"
မိုးကြိုးများက ထပ်မံ ကျဆင်းလာပြန်၏။

ယခုတစ်ကြိမ်တွင် မိုးကြိုးစွမ်းအားက ယခင်ကထက် အဆများစွာ မြင့်မားခဲ့ချေပြီ။

လုမင်မျက်နှာက အလွန်လေးနက်သွားသည်။

"ဝုန်း"
လုမင်က သွေးမျိုးဆက်နှစ်မျိုးကို ပေါက်ကွဲစေကာ လေနှင့်မီးကို ပေါင်းစပ်လိုက်၏။

ထို့နောက်တော့ ကောင်းကင်ဘုံ မိုးကြိုးထပ်သို့ လှံချက် ထုတ်ဖော်လိုက်တော့သည်။

"ဂျိန်း ဂျိန်း..."

မိုးကြိုးတစ်စင်း ကြွေကျလာတိုင်း လုမင်၏ ခန္ဓာကိုယ်က ပြင်းထန်စွာ တုန်ခါသွားရသည်။ သူ့ကြွက်သား၊ အရိုးစုများကလည်း ကွဲအက်သွားသကဲ့သို့ တုန်ခါနေရ၏။

ထို့အပြင် မိုးကြိုးတချို့ကလည်း မိုးကြိုးတာအိုအက္ခရာအား လာရောက်ထိမှန်ကြပေသည်။ ထို့ကြောင့် သူ၏ မိုးကြိုးတာအိုအက္ခရာက ပျက်ဆီးတော့မည်ကဲ့သို့ အပြင်းအထန် တုန်ခါနေတော့သည်။

'ထိန်းထား... တောင့်ထားစမ်း'
လုမင် နှလုံးသားမှဟိန်းဟောက်၍ အစွမ်းကုန် ခုခံလိုက်သည်။

"အစစ်အမှန်နဂါးလှံ"
လုမင် လှံချက် ထုတ်ဖော်လိုက်သောအခါ သုံးရောင်ခြယ်နဂါးကြီးတစ်ကောင် ပြေးထွက်လာသည်။ နဂါးကြီးဟာ မိုးကြိုးများစွာကို ဖျက်ဆီးသွားခဲ့၏။ သို့သော်လည်း  နဂါးကြီး ပျောက်ကွယ်သွားသည်နှင့်  မိုးကြိုးများက လုမင်ကိုထိမှန်ကာ လွင့်စဉ်သွားရတော့သည်။

ထာ၀ရနဂါး တန်ခိုးရှင် ( လုမင် ) (Ch 1 - 985 ) Book 1Where stories live. Discover now