116 - 120

350 34 0
                                    


ထာဝရနဂါးတန်ခိုးရှင် ( လုမင် )
မူရင်း စာရေးဆရာ - Mu Tong Ting Zhu
ဘာသာပြန်သူ      - ထာဝရ
အပိုင်း ( 116 ) နှစ်နှစ်အကြာမှ တပည့်သစ်ဘုရင်

လုမင်က သွမ့်မုယွင်ယန်ကို ဂရုစိုက်မနေတော့ဘဲ တိုက်ပွဲစင်မြင့်မှ လှည့်ထွက်လာခဲ့ပါသည်။

"လုမင်… ကျေးဇူးတင်ပါတယ်"
လုမင် မီးငှက်ခန်းမဧရိယာကို ပြန်ရောက်လာပြီးနောက် လျိုဟွေ့က လုမင်ကို လက်နှစ်ဖက်ဆုပ်ပြကာ ပြောလိုက်ပါသည်။

"ခင်ဗျား ကျုပ်ကို ကျေးဇူးတင်စရာ မလိုပါဘူး… ကျုပ် ခင်ဗျားအတွက် လက်စားချေပေးတာမဟုတ်ဘူး… ကျုပ်က သွမ့်မုမိသားစုကို တမင်ထွက်ပြီး ရင်ဆိုင်လိုက်တာ… သွမ့်မုမိသားစုက ကျုပ်ရဲ့ရန်သူပဲလေ"
လုမင်က ပြုံးကာပြောလိုက်သည်။

"ကြည့်ရတာ… နားမလည်ကြတာလား"
လျိုဟွေ့နှင့် သူ့အနားရှိ အခြားမီးငှက်ခန်းမဝင်တွေ အနည်းငယ်  အံ့အားသင့်သွားပါသည်။

သူသွမ့်မုယွင်ချုံကို သွားပြီးစိန်ခေါ်ခဲ့တာဟာ ဤအကြောင်းကြောင့်ပင်လော။ သူတို့တွေ လုမင်ရဲ့ အတွေးတွေနှင့်ပတ်သတ်ပြီး အနည်းငယ် စိတ်ရှုပ်ထွေးသွားကြပါသည်။

ထို့နောက်တွင်ကား စိန်ခေါ်ပွဲကို ဆက်လက်ပြုလုပ်စေခဲ့သည်။

ပြိုင်ဆိုင်မှုက ပြင်းထန်ပြီး လူတိုင်းက အစွမ်းကုန်ကြိုးစားကာ ယှဉ်ပြိုင်ခဲ့ကြသည်။

စိန်ခေါ်ပွဲပြီးဆုံးသည့်အခါ ညအခါကို ရောက်နေခဲ့လေပြီ။

စိန်ခေါ်ပွဲဆယ်ပွဲမှာ လုမင်အပါအဝင် လူငါးယောက်အနိုင်ရခဲ့ပြီး ထိပ်တန်းသုံးဆယ်မှာ ငါးယောက်ကိုအစားထိုးနိုင်ခဲ့ပါသည်။

ထိုအခိုက်မှာ ခန်းမလေးခုရဲ့ ထိပ်တန်းသုံးဆယ် ထွက်ပေါ်လာခဲ့ပြီဖြစ်သည်။

ထိပ်တန်းသုံးဆယ်မှာ မီးငှက်ခန်းမက လူငါးယောက်သာ ပါဝင်နိုင်ပေသည်။

မီးငှက်ခန်းမနည်းတူ လိပ်နက်ခန်းမကလည်း လူငါးယောက်သာ ဝင်ရောက်နိုင်ရှာ၏။

မိုးပြာနဂါးခန်းမကတော့ ရှစ်ယောက် ပါဝင်ကာ ကျားဖြူခန်းမက အသန်မာဆုံးဖြစ်ပြီး လူဆယ့်နှစ်ယောက်တိတိ ပါဝင်နိုင်ခဲ့ပါသည်။

ထာ၀ရနဂါး တန်ခိုးရှင် ( လုမင် ) (Ch 1 - 985 ) Book 1Where stories live. Discover now