566 - 570

274 28 0
                                    


ထာဝရနဂါးတန်ခိုးရှင် (လုမင် )
မူရင်း စာရေးဆရာ - Mu Tong Ting Zhu
ဘာသာပြန်သူ      - ထာဝရ
အခန်း ( 566 ) ရူးသွပ်စွာချိုးဖြတ်ခြင်း

"မင်းမှာ အရည်အချင်းရှိရင် ကိုယ်တိုင်လာယူလိုက်"
လုမင် အေးစက်စက်ဖြင့် ပြောလိုက်သည်။

"ကောင်လေး... ကိုယ့်ကိုယ်ကိုယ် ဒီလောက် အထင်ကြီးနေမှတော့ သေတော့"
အလောင်းစောင့်တစ်ယောက်က အေးစက်စက်ဖြင့် အော်ငေါက်သည်။

ချက်ချင်းပင် အလောင်းစောင့်က လှုပ်ရှားလာ၏။

"ဝှစ် ဝှစ်"
သံကြိုးနက်ကြီးများကလည်း အဆိပ်ပြင်းသောမြွေများကဲ့သို့ လုမင်ထံ တိုးဝင်လာတော့သည်။ 

လုမင်က လှံရှည်ကိုထုတ်ကာ ခုခံလိုက်သော်လည်း အနောက်ကိုသာ ဆုတ်ပေးလိုက်ရသည်။

'မဟုတ်ဘူး... ဒီအလောင်းစောင့်နှစ်ယောက်စလုံးက အဆင့်ခုနစ်သိုင်းဘုရင်ဆိုပေမဲ့ ဘုရင်ကြီးတွေ ဖြစ်နေတုန်းပဲ..။ ငါက သူတို့ပြိုင်ဘက် မဖြစ်နိုင်ဘူး... အရင်ဆုတ်မှ ရမယ်'
လုမင်ဟာ ပါးစပ်နားရောက်မှ ထမင်းလုပ်ပုတ်ချခံရသည့်အတွက် မကျေနပ်ဖြစ်သွားသည်။ သို့သော်လည်း မတတ်နိုင်ပေ။

ချက်ချင်းပင် နဝမနဂါးခြေလှမ်းကိုသုံးကာ ထွက်ပြေးလိုက်၏။ ခဏချင်းပင် သူ့ပုံရိပ်က ဝေးကွာ ပျောက်ကွယ်သွားလေတော့သည်။

အလောင်း‌စောင့်နှစ်ဦးပင် သူ့အမြန်နှုန်းကြောင့် အနည်းငယ် လန့်ဖျတ်သွားရသည်။ သူတို့လည်း လိုက်မမီခဲ့ပေ။

"ဒီကောင်လေးက အရမ်းမြန်တာပဲ"
အလောင်းစောင့်တစ်ဦး မကျေမနပ်ဖြစ်သွားသည်။

"ထားပါ... ငါတို့ တာအိုကျောက်ကို အရင်တူးယူကြရအောင်..။ ဒီနေရာက အရမ်းအံ့ဩစရာကောင်းလွန်းတယ်... ဒီလိုနေရာမျိုး ငါတစ်ခါမှတောင် မကြားဖူးဘူး..။ ဒီအတိုင်းသာ ဆက်တူးသွားရရင် ငါတို့ ချမ်းသာပြီ"
နောက်အလောင်းစောင့်က မျက်လုံးများ တောက်ပသွား၏။ ချက်ချင်းပင် သူက သန့်စင်အလောင်းကိုထိန်းချုပ်၍ စတင်တူးဖော်လေတော့သည်။

.......

လုမင်ဟာ မိုင်တစ်သောင်းခန့် ထွက်ပြေးလာပြီးမှ လျှို့ဝှက်နေရာတစ်ခုတွင် ရပ်လိုက်သည်။

ထာ၀ရနဂါး တန်ခိုးရှင် ( လုမင် ) (Ch 1 - 985 ) Book 1Where stories live. Discover now