431 - 435

288 30 0
                                    


ထာဝရနဂါးတန်ခိုးရှင် ( လုမင် )
မူရင်း စာရေးဆရာ - Mu Tong Ting Zhu
ဘာသာပြန်သူ      - ထာဝရ
အပိုင်း ( 431 ) ချေမှုန်းခြင်း

နှစ်ယောက်စလုံး မယုံကြည်နိုင် ဖြစ်နေသည်။ လုမင်က တစ်ကွက်တည်းဖြင့် သူတို့နှစ်ယောက်စလုံးကို တွန်းထုတ်ပစ်ခဲ့၏။ ထိုမျှသာမကဘဲ သူတို့နှစ်ဦးဟာ သွေးအန်လုနီး ဖြစ်ခဲ့ပါသေးသည်။

"ဘာကို မဖြစ်နိုင်တာလဲ..။ မင်းမမြင်ဖူးတိုင်း မဖြစ်နိုင်တာ မဟုတ်ဘူးကွ"
လုမင်က အေးစက်စက်ဖြင့် ငုံ့ကြည့်လိုက်သည်။

လုမင်၏ ချီကျင့်စဉ်က အဆင့်ခုနစ်သို့ ရောက်ရှိသွားသော် တိုက်ခိုက်နိုင်စွမ်းကလည်း ပဉ္စမအဆင့် စစ်ပါရမီအား ကျော်လွန်သွားခဲ့သည်။ သူက ကောင်းကင်အဆင့်သိုင်းပညာကိုပါ လေ့ကျင့်သောအခါ တိုက်ခိုက်နိုင်စွမ်းက ဆဋ္ဌမအဆင့် စစ်ပါရမီသို့ ရောက်ရှိသွားစေခဲ့၏။

ကောင်းကင်အဆင့် သိုင်းပညာက အလွန်အစွမ်းထက်ပြီး ကြောက်စရာကောင်းသည်။

သို့သော် ကောင်းကင်အဆင့် သိုင်းပညာက အစွမ်းထက်သလောက် လေ့ကျင့်ရ အလွန်ခက်ခဲ၏။

အဆင့်နိမ့် သိုင်းဘုရင်တချို့ပင် ကောင်းကင်အဆင့်နိမ့် သိုင်းပညာကို အောင်မြင်သည်အထိ မလေ့ကျင့်နိုင်ပေ။

ယင်းကိုကြည့်လျှင် ကောင်းကင်အဆင့် သိုင်းပညာ၏ ရှားပါးမှုနှင့် ကြောက်စရာစွမ်းအားကို သိမြင်နိုင်သည်။

ထို့ကြောင့် ဆဋ္ဌမအဆင့်စစ်ပါရမီနှင့် လုမင်ဟာ သွေးတိမ်ကိုပင် ဖိနှိပ်နိုင်ခဲ့ခြင်း ဖြစ်သည်။

"မဖြစ်နိုင်ဘူး..။ ငါက အသန်မာဆုံးကွ၊ လုမင်.. မင်းက ပုရွက်ဆိတ်တစ်ကောင်ပဲ..။ မင်းက ငါ့ရဲ့ အလင်းရောင်အောက်မှာ အသက်ရှင်နေရတဲ့ ပုရွက်ဆိတ် တစ်ကောင်ပဲ"
ချိုးကန်ခုန်း ဟိန်းဟောက်လိုက်၏။ သူ့ခန္ဓာကိုယ်ဝန်းကျင်တွင်ကား မိုးကြိုးချပ်ဝတ် ဝတ်ဆင်ထားသကဲ့သို့ လျှပ်စီးများ လင်းလက်နေတော့သည်။

သူဟာ မိုးကြိုးနှင့်လျှပ်စီး တာအိုသန္ဓေ အရိပ်အမြွက်ကို နားလည်ထား၏။ ၎င်းအဆင့်ကို ချိုးဖြတ်နိုင်သည်နှင့် မိုးကြိုးလျှပ်စီးများအား စိတ်ကြိုက် ထိန်းချုပ်လာနိုင်တော့မည် ဖြစ်သည်။

ထာ၀ရနဂါး တန်ခိုးရှင် ( လုမင် ) (Ch 1 - 985 ) Book 1Where stories live. Discover now