176 - 180

306 32 0
                                    


ထာဝရနဂါးတန်ခိုးရှင် ( လုမင် )
မူရင်း စာရေးဆရာ - Mu Tong Ting Zhu
ဘာသာပြန်သူ      - ထာဝရ
အပိုင်း ( 176 ) လုမင် မသေသေးဘူး

"လုယွမ်ရှုံ… ငါသေရမယ်ဆိုရင်တောင် နင့်ကို အောင်မြင်ခွင့်ပြုမှာ မဟုတ်ဘူး"
လီပင်းက အော်ဟစ်လိုက်သည်။

"ဟမ့်… နင်ဘာတွေ ခေါင်းမာနေတာလဲ… နင့်ယောင်္ကျားသေပြီ… အခု ခွေးသားလေး လုမင်လည်း သေပြီနော်… ငါ့ကို ဆန့်ကျင်နေဦးမယ်ဆိုရင် နင်တို့အားလုံးပါ သေရမယ်"
လုယွမ်ရှုံက ငေါက်ငမ်းလိုက်ပါသည်။

"နင် မဟုတ်တာတွေ လျှောက်မပြောနဲ့… ငါ့သားလုမင်က ဘယ်တော့မှ မသေဘူးဟဲ့"
လီပင်းက အော်ဟစ်လိုက်ပါသည်။

"မသေဘူးလား… နင့်ကိုယ်နင် လိမ်မနေစမ်းနဲ့… အခု လုမင်ပါသေပြီဆိုတော့ နင့်ကို ထောက်ပံ့ပေးမယ့်သူ မရှိတော့ဘူး…
လုယွမ်ရှုံက လှောင်ပြောင်ပြောဆိုလိုက်ပါသည်။

"မင်အာ"
လီပင်း၏ ခန္ဓာကိုယ်က တုန်ရီနေပြီး သူ့မျက်လုံးမှ မျက်ရည်များစီးကျလာခဲ့ပါသည်။

သူဝန်မခံချင်သော်လည်း လုမင်ကြုံရသော မတော်တဆမှုက အလွန်ကြောက်စရာကောင်းတာ သိပါသည်။

၎င်းကို ရွှမ်ယွမ်ဓားဂိုဏ်းက ကြေငြာခဲ့ခြင်းဖြစ်ပေရာ မည်သို့မှားယွင်းနိုင်ပါမည်နည်း။

"လုယွမ်ရှု… မင်းဒီလိုလုပ်တာ ရွှမ်ယွမ်ဓားဂိုဏ်းက အပြစ်ပေးလာမှာ မကြောက်ဖူးလား"
အဓိက အကြီးအကဲတစ်ယောက်က အော်ဟစ်လိုက်သည်။

"ဟားဟားဟား… အပြစ်လား… လုမင်က သူအသက်ရှင်နေတုန်းကတောင် ပြိုင်ဘက်ကင်း ပါရမီရှင်တစ်ဦး မဟုတ်ခဲ့ဘူး… အခု သူသေသွားခဲ့ပြီ… ငါတို့ကို ဘယ်သူက အပြစ်ပေးမှာလဲ"

"နောက်ပြီး မင်းကြည့်ဦး… နောက်ပြီး ဒီလူတိုင်းက သွမ့်မုမိသားစုဝင်တွေပဲလေ… သူတို့က ရွှမ်ယွမ်ဓားဂိုဏ်းမှာ အဆင့်မြင့်ကြတယ်… ဂိုဏ်းက သွမ့်မုမိသားစုဝင်တွေကို ဘယ်လို အပြစ်ပေးမှာလဲ… ဟာသပဲ"
လုယွမ်ရှုံက ကျယ်လောင်စွာ ရယ်မောလိုက်သည်။

သွမ့်မုမိသားစုဝင် အခြားလူကြီးအချို့ကလည်း အသံကျယ်ကျယ်နှင့် ဂုဏ်ယူဝံ့ကြွားစွာ ရယ်မောလိုက်ကြပါသည်။

ထာ၀ရနဂါး တန်ခိုးရှင် ( လုမင် ) (Ch 1 - 985 ) Book 1Where stories live. Discover now