236 - 240

327 34 0
                                    


ထာဝရနဂါးတန်ခိုးရှင် ( လုမင် )
မူရင်း စာရေးဆရာ - Mu Tong Ting Zhu
ဘာသာပြန်သူ      - ထာဝရ
အပိုင်း ( 236 ) အရှက်မဲ့‌သော

ယခုလေးတင် ထိုတပည့်က ပြောချင်ခဲ့သော်လည်း အကြီးအကဲဖြစ်သူက တားဆီးထားခဲ့သည် မဟုတ်ပါလား။

ယခုလေးတင် အကြီးအကဲ ချိုးဝူကျစ်က ဆံနီအဖိုးအို၏ မျက်နှာကို ပြင်းပြင်းထန်ထန် ရိုက်နှက်ဖို့ တွေးနေခဲ့ပါသေးသည်။ သို့သော်… ယန်ဇိုင်ထျန်းက သွေးပုရွက်ဆိတ် လျှို့ဝှက်နယ်မြေတွင် အမှန်တကယ် သေဆုံးသွားလိမ့်မည်ဟု သူအိပ်မက်ပင်မမက်ခဲ့ပါချေ။

ယင်းကို တွေးကြည့်လိုက်သောအခါ အလွန်ရှက်စရာကောင်းသလို ခံစားနေရပေတော့သည်။

"ပြောစမ်း… ယန်ဇိုင်ထျန်း ဘယ်လိုသေသွားတာလဲ။
ချိုးဝူကျစ်က အံကြိတ်ကာ မေးလိုက်သည်။

"အဲတာ သူပဲ… ထျန်းယွမ်… ဂိုဏ်းတူအကို ယန်ဇိုင်ထျန်းကို ထျန်းယွမ်သတ်လိုက်တာ"
တပည့်တစ်ယောက်က လုမင်ကို လက်ညိုးညွှန်ပြပြီး ကျယ်လောင်စွာ အော်ဟစ်လိုက်ပါသည်။

"ဘာ"
ပရိသတ်က တုန်လှုပ်သွားလေသည်။ သွေးပုရွက်ဆိတ် လျှို့ဝှက်နယ်မြေထဲကို ဝင်ရောက်ခဲ့သော လူငယ်တစ်ဦးကလွဲရင် အားလုံးက လုမင်ကို အာရုံစိုက်နေကြပေတော့သည်။

ယန်ဇိုင်ထျန်းကို လုမင်က အမှန်တကယ် သတ်ခဲ့ပါသလော။

သို့သော် ယင်းက ဘယ်လိုလုပ်ပြီး ဖြစ်နိုင်ပါအံ့နည်း။

အနှီလုမင်က အလွန်အစွမ်းထက်နေတာသာ ဖြစ်နိုင်ပေရော့မည်။

ဆံနီအဘိုးကြီးနှင့် ဟွာချီပင် အခြားသူများနည်း တူန်လှုပ်နေကြတော့သည်။

"ချီးပဲ"
ချိုးဝူကျစ်ဆီကနေ အေးစက်စက် လူသတ်ငွေ့‌တွေ ပေါက်ကွဲကာ ထွက်ပေါ်လာ၏။ သူက လုမင်ကိုလှည့်ကြည့်ကာ ဒေါသတကြီး အော်ဟစ်‌လိုက်ပါသည်။
"ထျန်းယွမ်… ပြောစမ်း၊ မင်းဘယ်လိုအောက်လမ်းနည်းတွေနဲ့ နောက်ကျောကို ဓားနဲ့ထိုးပြီး ယန်ဇိုင်ထျန်းကို သတ်ဖြတ်ခဲ့တာလဲ"

"နောက်ကျောကို ဓားနဲ့ထိုးတာလား"
လုမင်က သူ့နှုတ်ခမ်းကို တွန့်ကွေးကာ ပြောလိုက်သည်။
"ယန်ဇိုင်ထျန်းကို သတ်ဖို့အဲလောက်လုပ်စရာ လိုလို့လား"

ထာ၀ရနဂါး တန်ခိုးရှင် ( လုမင် ) (Ch 1 - 985 ) Book 1Where stories live. Discover now