336 - 340

293 30 0
                                    


ထာဝရနဂါးတန်ခိုးရှင် ( လုမင် )
မူရင်း စာရေးဆရာ - Mu Tong Ting Zhu
ဘာသာပြန်သူ      - ထာဝရ
အပိုင်း ( 336 ) ပါးရိုက်ကာသတ်ဖြတ်ခြင်း

ရှီဖန်းဓားဂိုဏ်းမှ လူသုံးဦးက လုမင်တို့ကို အကဲခတ်လိုက်ကာ နောက်ဆုံးတွေ လုမင်ဆီမှာ ရပ်တန့်သွားခဲ့သည်။

"မင်းက ထျန်းယွမ်လား"
ခေါင်းဆောင် အဘိုးကြီးက မေးလိုက်သည်။

"ဟုတ်တယ်"
လုမင်က ဂရုမစိုက်ဟန်ဖြင့် ပြောလိုက်သည်။ တစ်ဖက်လူက ဘာပြောလာမည်ဆိုတာကို သူသိချင်နေ၏။

"ထျန်းယွမ်၊ မင်းက ငါတို့ ရှီဖန်းဓားဂိုဏ်းသားတွေကို သတ်ဖြတ်ခဲ့တယ်…။ ငါတို့ရဲ့ ပါရမီရှင်တွေကိုလည်း အကြိမ်ကြိမ် သတ်ဖြတ်ခဲ့သေးတယ်…။ မင်းအပြစ်တွေကိုသိလား"
အဘိုးကြီးက လုမင်ကို အေးစက်စက်ဖြင့် စိုက်ကြည့်လိုက်၏။

"အပြစ်လား…။ ငါက မင်းတို့ရှီဖန်းဓားဂိုဏ်းရဲ့ အမှိုက်တွေကို ရှင်းပြစ်ရလို့ ငါ့လက်ညစ်ပတ်တဲ့အကြောင်းတောင် မပြောရသေးဘူး..။ ငါက ဘာအပြစ်ရှိလို့လဲ"
လုမင်က လုံးဝဂရုမစိုက်ဘဲ ထူးမခြားနားဟန်ဖြင့် ပြန်ပြောလိုက်၏။

"မင်း..."
ခေါင်းဆောင် အဘိုးကြီးဆီမှ လူသတ်ငွေ့တွေ ဖြာထွက်လာသည်။ ခဏကြာသောအခါ သူ့မျက်နှာက ပြန်တည်ငြိမ်သွား၏။ သူက အလေးအနက်ပြောလိုက်သည်။
"ထျန်းယွမ်.. ဒီကမ္ဘာပေါ်မှာ ထာဝရန်သူဆိုတာ မရှိဘူးကွ၊ ထာဝရ အကျိုးအမြတ်ပဲရှိတယ်..။ ဒီနေ့ ငါ မင်းကို အခွင့်အရေးတစ်ခု ပေးနိုင်တယ်…။ မင်းရဲ့ အပြစ်တွေကို ဆေးကြောဖို့အတွက် သွေးနီတပ်သားတွေနဲ့ ရှီဖန်းဓားဂိုဏ်းရဲ့ လက်အောက်ကို ခိုဝင်လိုက်ပါ…။ ပြီးရင် သစ္စာခံကြောင်း ကျိန်ဆိုလိုက်.. ဒါဆိုရင် မင်းကို ငါတို့လွှတ်ပေးနိုင်တယ်…။ ဒါဆိုရင် မင်းအရင်က ကျူးလွန်ခဲ့တဲ့ အပြစ်‌တွေကိုလည်း မေ့လျော့ပေးနိုင်တယ်"

ထိုအခါမှပင် သူတို့အားလုံး တစ်ဖက်လူ၏ ဆိုလိုရင်းကို နားလည်သွားခဲ့ကြသည်။

လတ်တလောတွင် လုမင်၏ သွေးနီတပ်က နှစ်နိုင်ငံစလုံးမှာ ကျော်ကြားနေခဲ့ခြင်းဖြစ်၏။ ထို့အတွက် ရှီဖန်းဓားဂိုဏ်းက သူ့ကို သိမ်းသွင်းချင်နေသည်။

ထာ၀ရနဂါး တန်ခိုးရှင် ( လုမင် ) (Ch 1 - 985 ) Book 1Where stories live. Discover now