241 - 245

300 34 0
                                    


ထာဝရနဂါးတန်ခိုးရှင် ( လုမင် )
မူရင်း စာရေးဆရာ - Mu Tong Ting Zhu
ဘာသာပြန်သူ      - ထာဝရ
အပိုင်း ( 241 ) လုမင်၏ ရိုက်ချက်

ထို့ကြောင့် စာမေးပွဲအောင်မြင်ပြီး အရည်အချင်းပြည့်မီသူများသာ စိန်ခေါ်နိုင်မည်ဖြစ်သည်။

သို့သော် အချို့လူတွေဟာ တိထျန်းသိုင်းပြိုင်ကွင်းမှာ ခြောက်ပွဲဆက်တိုက် အနိုင်ဖူးသော မှတ်တမ်းရှိပေ၏။ ထိုအခြေအနေမျိုးတွင် ခြောက်ပွဲဆက်တိုက် အနိုင်ရသော လူသစ်ကို စိန်ခေါ်ရာမှာ စမ်းသပ်မှု ခံယူစရာ မလိုတော့ပေ။

မကြာမှီပင် အဖွားကြီးက စမ်းသပ်မှုခံယူပြီး တိုက်ပွဲစင်မြင့်ပေါ်ကို တက်လာခဲ့တော့သည်။

"သတ်"

"သတ်"

ထိုအခါ တိုက်ပွဲစင်မြင့်ပတ်ပတ်လည်ရှိ ပရိသတ်ဟာ ကျယ်လောင်စွာအော်ဟစ်ပြီး အားပေးလိုက်ကြပါသည်။

သွေးထွက်သံယို တိုက်ပွဲတွေကို ကြည့်ရခြင်းဟာ အလွန်စိတ်လှုပ်ရှားစရာ ကောင်းလှပေ၏။

"သတ်"
ပြင်းထန်လာသော လေထုဖိအားအောက်မှာ အဖွားကြီးနှင့် လူငယ်ဟာ စတင်တိုက်ခိုက်လိုက်ကြသည်။

လူငယ်က သာမန်ဓားကိုသုံး၍ အဖွားကြီးကတော့ ဓားပျော့ကို အသုံးပြုလေ၏။ သူတို့နှစ်ဦးဟာ ညှာတာမှုမရှိဘဲ တိုက်ခိုက်လိုက်ကြပါသည်။

အဘွားကြီး၏ဓားချက်တွေက အလွန်ပြင်းထန်၏။ သူ၏ ဘဝတစ်သက်တာမှ ကြွယ်ဝသောတိုက်ပွဲအတွေ့အကြုံကိုသုံးကာ အလွန်ရက်စက်စွာဖြင့်  တိုက်ခိုက်ခဲ့သည်။ ထို့ကြောင့် ဓားကွက်နှစ်ဆယ်အတွင်းမှာပင် လူငယ်အရေးနိမ့်လာတော့သည်။

"ကျုပ်…"
လူငယ်က အရှုံးပေးဖို့ ကြိုးစားလိုက်သော်လည်း အဖွားကြီး၏ဓားက ပိုမိုမြန်ဆန်လာခဲ့ပါသည်။

"ရွှစ်"
လူငယ်က အရှုံးမပေးခင်မှာပင် အဖွားကြီး၏ဓားက သူ့လည်ပင်းကို ဖြတ်တောက်သွားခဲ့ ပေတော့သည်။

"ကောင်းတယ်ဟေ့"

"အံ့ဩစရာကောင်းလိုက်တာ"

ချက်ချင်းပင် အလွန်စိတ်လှုပ်ရှားနေသော အော်ဟစ်သံများ ထွက်ပေါ်လာခဲ့သည်။

ထာ၀ရနဂါး တန်ခိုးရှင် ( လုမင် ) (Ch 1 - 985 ) Book 1Where stories live. Discover now