661 - 665

278 34 0
                                    


ထာဝရနဂါးတန်ခိုးရှင် ( လုမင် )
မူရင်း စာရေးဆရာ - Mu Tong Ting Zhu
ဘာသာပြန်သူ      - ထာဝရ
အပိုင်း ( 661 ) အသွင်ပြောင်းမဟာနတ်ဆိုးများ

"ဝုန်း ဝုန်း ဝုန်း"
‌အဝေးမှ ပင်လယ်ပြင်တွင် ကျယ်လောင်သော လှိုင်းပုတ်သံများ ထွက်ပေါ်လာသည်။

လူတိုင်းက လေထဲတွင်ရပ်၍ ‌လှမ်းကြည့်လိုက်သောအခါ ကမ်းစပ်ရှိရာသို့လာနေသော အဖြူရောင်မျဉ်းကြောင်းသဖွယ် လှိုင်းလုံးကြီးတစ်ခုကို မြင်လိုက်ကြရသည်။

"ပင်လယ်ဝေးလှည့်ကင်းတွေက ဒီဘက်ကို ပင်လယ်သားရဲအုပ်ကြီး လာနေတယ်လို့ သတင်းပို့ထားတယ်ဟေ့၊ တိုက်ခိုက်ဖို့ အသင့်ပြင်ကြ"
လေထဲတွင် ရိုးရှင်းသော ဗြောင်ဝတ်စုံနှင့် အဘိုးကြီးတစ်ယောက် ထွက်ပေါ်လာသည်။ ၎င်းထံမှ အော်ဟစ်သတိပေးသံဟာ ပတ်ဝန်းကျင်သို့ ပျံ့လွင့်ထွက်ပေါ်လာခဲ့သည်။

၎င်းထံမှ ထွက်ပေါ်နေသော အရှိန်အဝါများကတော့ ပင်လယ်ပြင်ကြီးကဲ့သို့ နက်ရှိုင်းလွန်းလှ၏။

ယင်းက ဝိညာဉ်ပင်လယ်နယ်ပယ် တန်ခိုးရှင်သာ ဖြစ်တော့သည်။

"ဝုန်း ဝုန်း ဝုန်း"
လှိုင်းပုတ်သံက ပို၍ကြယ်လောင်လာကာ မိုးနှင့်မြေပြင် တုန်ခါလာခဲ့ပုံရသည်။

ဧရာမ လှိုင်းလုံးကြီးများနှင့်အတူ ပင်လယ်သားရဲ ဟိန်းဟောက်သံများကိုလည်း ကြားလာခဲ့ရ၏။

လှိုင်းလုံးများ နီးကပ်လာချိန်မှာတော့ လူတိုင်း မျက်လုံးပြူးကျယ်သွားတော့သည်။

လှိုင်းလုံးကြီးများက အံ့ဩစရာကောင်းအောင် အနည်းဆုံး မီတာတစ်ထောင် မြင့်မားသည်။ ယင်းက အလွန်မြင့်မားကာ တိမ်များကိုပင် ဖုံးလွှမ်းတော့မည်ကဲ့သို့ ဖြစ်နေတော့၏

လှိုင်းလုံးကြီးများထဲမှာတော့ မရေတွက်နိုင်သော သားရဲကြီးများ ပါလာခဲ့တော့သည်။

"အဲဒါ သွေးငါးမန်းမျိုးနွယ်ပဲ"
တစ်ယောက်က အော်ဟစ်လိုက်သည်။

လှိုင်းလုံးများထဲမှာ လူတိုင်းက မရေတွက်နိုင်သော သွေးနီရောင် ငါးမန်းများကို မြင်နေခဲ့ရသည်။ ထိုငါးမန်းမျိုးဟာ အလွန်ကြီးမား၏။ တစ်ကောင်ချင်းစီက အနည်းဆုံး မီတာဒါဇင်ချီ၍ ရှည်လျားခဲ့ကြသည်။ ‌၎င်းတို့ခန္ဓာကိုယ်သည်ကား သွေးနီရောင်ဖြစ်၍ တစ်ချက်ဟိန်းဟောက်လိုက်တိုင်း ကြောက်စရာအရှိန်အဝါများ ထွက်ပေါ်နေတော့သည်။

ထာ၀ရနဂါး တန်ခိုးရှင် ( လုမင် ) (Ch 1 - 985 ) Book 1Where stories live. Discover now