246 - 250

323 37 0
                                    


ထာဝရနဂါးတန်ခိုးရှင် ( လုမင် )
မူရင်း စာရေးဆရာ - Mu Tong Ting Zhu
ဘာသာပြန်သူ      - ထာဝရ
အပိုင်း ( 246 ) 'ငွေမရှိရင် ထွက်သွား'

တုကျစ်က ပြုံး၍ ရှင်းပြလိုက်သည်။
"ဒီကျောက်လုံးထဲမှာ မူလအဆီအနှစ်ကို တံဆိတ်ခတ်ထားပါတယ်… ဒါပေမယ့် သိပ်မများဘဲ ကိုးစက်ပဲရှိတယ်"

"ကိုးစက်လည်း လုံလောက်ပါတယ်လေ"
တစ်ယောက်က တီးတိုးရေရွှတ်လိုက်သည်။

အချို့လူတွေကတော့ စိတ်လှုပ်ရှားမှု အရိပ်ယောင်တွေ ဖြစ်ပေါ်နေ၏။

မူလအဆီအနှစ်ဟာ အလွန်အဖိုးတန်လှသည်။ ထို့ကြောင့် သိပ်များလွန်းရင် မဝယ်‌နိုင်တော့သော်လည်း ကိုးစက်သာဆိုလျှင်တော့ ကြိုးစားနိုင်ပေသည်။

ထို့အပြင် ကိုးစက်ဆိုလျှင်ပင် အကျိုးသက်ရောက်မှုကတော့ အံ့ဖွယ်ပင် ဖြစ်၏။

"ဒီမူလအဆီအနှစ်ကိုးစက်ကို ငါယူရမယ်"
လုမင်က အနီရောင်ကျောက်ကို အနိုင်ရဖို့ ဆုံးဖြတ်ချက် ချထားဟန်ဖြင့် လှမ်းကြည့်လိုက်ပါသည်။

သူ၏ နတ်ခန္ဓာက ဒုတိယအဆင့် ပြီးပြည့်စုံခြင်း အဆင့်မှာသာ ပိတ်မိနေခဲ့ပြီး တခါမှ တိုးတက်မလာသေးပါချေ။

ဤမူလအဆီအနှစ် ကိုးစက်ကို ရရှိလျှင်တော့ သူ၏နတ်ခန္ဓာဟာ အဆင့်သုံးကို ချိုးဖြတ်ဖို့ မခက်ခဲနိုင်တော့ပေ။

ထိုအခါ သူ၏ တိုက်ခိုက်နိုင်စွမ်းကလည်း အဆများစွာ တိုးတက်လာပေလိမ့်မည်။

"တိထျန်းသိုင်းပြိုင်ကွင်းရဲ့ အကြီးအကဲတွေက မူလအဆီအနှစ်ကိုးစက်ကို သေချာစစ်ဆေးပြီးပြီမို့ ဘာအမှားယွင်းမှ မရှိနိုင်ပါဘူး… ဆိုတော့ ကျုပ်တို့ လေလံပွဲလေး စလိုက်ရအောင်… မူလအဆီအနှစ်တစ်စက်ရဲ့ အခြေခံဈေးက ဝိညာဉ်ကျောက်တုံး တစ်သောင်းပါ… အခု ကိုးစက်ရှိတယ်ဆိုတော့ ကိုးသောင်းကျသင့်ပါမယ်… ဈေးတစ်ခါတိုးရင် ဝိညာဉ်ကျောက်တုံး ငါးထောင်ထက် မနည်းရပါဘး"
တုကျစ်က ကြေညာလိုက်သည်။

"ဟွား"
လူများစွာက လေအေးကြီးကို ရှုလိုက်ကြပြီး   စိတ်ဓာတ်ကျသော အမူရာတွေ ဖြစ်ပေါ်လာခဲ့ကြပါသည်။

ထာ၀ရနဂါး တန်ခိုးရှင် ( လုမင် ) (Ch 1 - 985 ) Book 1Where stories live. Discover now