346 - 350

317 32 0
                                    


ထာဝရနဂါးတန်ခိုးရှင် ( လုမင် )
မူရင်း စာရေးဆရာ - Mu Tong Ting Zhu
ဘာသာပြန်သူ      - ထာဝရ
အပိုင်း ( 346 ) တိုက်ပွဲ အခြေအနေကို ပြောင်းပြန်လှန်

"အဖေ"
အဝေးမှ သွမ့်မုစစ်ဖြိုသူက အော်ဟစ်လိုက်သည်။

"ဝုန်း"
ခဏတာ အာရုံပျံ့လွင့်မှုကြောင့် သွမ့်မုစစ်ဖြိုသူ၏ရင်ဝကို ယန်လန့်လက်ဝါးရိုက်ချက်က မိမိရရ ထိမှန်သွားတော့သည်။

ထိုအခါ သွမ့်မုစစ်ဖြိုသူ သွေးတွေအန်ထွက်ကာ အနောက်ကို ဒယီးဒယိုင်ဖြင့် ဆုတ်သွားခဲ့ရ၏။

"သေစမ်း"
ယန်လန်က အရှေ့သို့ ပြေးလိုက်သွားကာ သွမ့်မုစစ်ဖြိုသူအား တိုက်ခိုက်လိုက်သည်။

သွမ့်မုစစ်ဖြိုသူက အကြောက်အကန် ပြန်လည်တိုက်ခိုက်သော်လည်း ဒဏ်ရာအပြင်းအထန်ရသွား၍ သိပ်မဟန်တော့ပေ။ တိုက်ကွက် တစ်ဒါဇင်ခန့် ရင်ဆိုင်ပြီးသောအခါ ယန်လန့်လက်ဝါးရိုက်ချက်ကြောင့် အော်ညည်းကာ လဲကျသွားတော့သည်။

"မကောင်းတော့ဘူးဟေ့၊ ဆုတ်ကြ"
သွမ့်မုစန်းဟိုင် သေသွားသောအခါ ချိုးဝူယန်က အမြန် အော်ဟစ်ရင်း လှည့်ထွက်လိုက်၏။

"ချိုးဝူယန်၊ ဒီနေ့တော့ မင်းဒီမှာပဲ နေရတော့မှာကွ"
လင်းရွယ်ယီက ဟိန်းဟောက်လိုက်သည်။ သူသည် ဓားနှင့်လူ တစ်သားတည်းဖြစ်သွားသကဲ့သို့ ချိုးဝူယန်ကို တိုက်ခိုက်လိုက်၏။ ထိုအခါ တောက်ပသော ဓားစွမ်းအင်များက လေထဲမှာ ပြည့်နှက်လာကာ ချိုးဝူယန်ဆုတ်ခွာမပြေးနိုင်ရန် ပိတ်ဆို့လိုက်တော့သည်။

"ဝှစ် ရွှစ်"
ထိုစဉ် ရွှေမျက်လုံးနှင့် ယန်ချွမ်က ချိုးဝူယန်‌နံဘေးမှာ ထွက်ပေါ်လာ၏။

ချိုးဝူယန် မျက်နှာပျက်သွားပြီး စိုးရိမ်မှုများကလည်း သူ့မျက်လုံးထဲတွင် ထွက်ပေါ်လာခဲ့သည်။ 

'ချီး၊ ချီးပဲ.. ငါဒီနေ့ အသေချာတွက်ထားပေမဲ့ လုမင်ကိုကို မတွေးလိုက်မိဘူး..။ နောက်ပြီး သူ့ဘေးနားမှာ ဘုရင်တစ်ပိုင်းအဆင့်တွေက နှစ်ယောက်တောင် ရှိနေသေးတယ်..။ ချီးတဲ့မှပဲ၊ ဒါတွေအားလုံးက သူ့ကြောင့်ပဲ'
ချိုးဝူယန်က စိတ်ထဲမှဟိန်းဟောက်ကာ တန်ပြန်တိုက်ခိုက်ရန် နည်းလမ်းများကို တွေးလိုက်သည်။

ထာ၀ရနဂါး တန်ခိုးရှင် ( လုမင် ) (Ch 1 - 985 ) Book 1Where stories live. Discover now