641 - 645

298 30 0
                                    

ထာဝရနဂါးတန်ခိုးရှင် ( လုမင် )
မူရင်း စာရေးဆရာ - Mu Tong Ting Zhu
ဘာသာပြန်သူ      - ထာဝရ
အပိုင်း ( 641 ) ဖရိုဖရဲကြယ်မြို့တော်

လုမင် ခြောက်ကပ်ဖြင့် ပြုံးလိုက်သည်။

ဦးစွာတိုက်ခိုက်သူဟာ ရှဲ့နျန်ချင်း ဖြစ်ပါသော်လည်း အဆုံးတွင် လုမင်ဘက်ကို ပြောင်းပြန်လည်သွား၏။

လုမင်လည်း ဘာမျှ မပြောနိုင်တော့ပေ။ သူ့စိတ်ထဲတွင်သာ ကိုယ့်ကိုယ်ကိုယ် သတိပေးလိုက်သည်။ အမျိုးသမီးများနှင့် ပြိုင်မငြင်းရ၊ အကြောင်းမှာ ၎င်းတို့နှင့်ယှဉ်ပြိုင်ငြင်းဆိုရန် စကားမရှိသောကြောင့်သာ ဖြစ်သည်။

လုမင်၏ မအီမသာမျက်နှာကိုမြင်ပြီးနောက် ရှဲ့နျန်ချင်း ပြုံးလိုက်သည်။ ထို့နောက် တန်တန့်ကို သူမပုခုံးပေါ်ဆွဲတင်ကာ အနောက်ဘက်သို့ ပျံသန်းသွား၏။

လုမင်လည်း အနောက်မှ လိုက်ပါပျံသန်းသွားတော့သည်။

ဖရိုဖရဲကြယ်ပင်လယ်နှင့် လက်ရှိဤနေရာက မနီးပေ။ ယင်းက ယွင်ဖုန်းဒေသ၏ ထက်ဝက်ခန့်ဝေးကွာသည်။ ထို့ကြောင့် သူတို့နှစ်ယောက်၏အမြန်နှုန်းဖြင့်ပင် ဆယ်ရက်နီးပါး သွားရပေလိမ့်မည်။ 

"ရှောင်ချန်း၊ မင်းက ဖျက်ဆီးတာအိုနဲ့ လေတာအိုကို လေ့ကျင့်တာ မဟုတ်လား"
လမ်းတွင် လုမင်မေးလိုက်သည်။

"ဟုတ်တယ်။ ဖျက်ဆီးခြင်းကတော့ ငါ့သွေးမျိုးဆက်ကနေ သင်ယူနိုင်ခဲ့တာပဲ"

ရှဲ့နျန်ချင်း ပြောလိုက်သည်။

"မင်းရဲ့ တာအိုနှစ်မျိုးက မပေါင်းစပ်သေးဘူးလား"

"တာအိုနှစ်မျိုးကို ပေါင်းစပ်တာက လွယ်တယ် ထင်လို့လား"

ရှဲ့နျန်ချင်းက ချက်ချင်း ပြောလိုက်၏။ သို့သော် တစ်စုံတစ်ခုကို တွေးမိသောအခါ လှည့်ပြောလိုက်သည်။
"နင်နဲ့တော့ မတူဘူးပေါ့၊ နင်က လူမှမဟုတ်တာ"

"ငါ့ရဲ့ တာအိုပေါင်းစပ်ခြင်းအတွေ့အကြုံကို မျှဝေပေးနိုင်ပါတယ်၊ မင်းသင်ယူချင်ရဲ့လား"

လုမင်က ပြုံးလျက် ပြောလိုက်သည်။

ထိုအခါ ရှဲ့နျန်ချင်း မျက်လုံးအရောင်လက်သွား၏။ လုမင်က အမှန်တကယ် တာအိုသုံးမျိုးကို ပေါင်းစပ်ထားခဲ့သူဖြစ်သည်။ သူ့ထံမှ အကြံဉာဏ်ရရှိခဲ့သော် တာအိုနှစ်မျိုးကို ပေါင်းစပ်ကောင်း ပေါင်းစပ်နိုင်လိမ့်မည်။

ထာ၀ရနဂါး တန်ခိုးရှင် ( လုမင် ) (Ch 1 - 985 ) Book 1Where stories live. Discover now