946 - 950

245 21 0
                                    

ထာဝရနဂါးတန်ခိုးရှင် ( လုမင် )
မူရင်း စာရေးဆရာ - Mu Tong Ting Zhu
ဘာသာပြန်သူ      - ထာဝရ
အပိုင်း ( 946 ) အခြားတိုက်ကြီးမှ လူများ။

ထို့ပြင် အမွှာအသက်တားမြစ်ကျင့်စဉ်က တစ်ကြိမ်သာ အခွင့်အရေးရှိသည်။ ပထမအကြိမ် မအောင်မြင်ပါက ဒုတိယအကြိမ် ကြိုးစားရာတွင် အန္တရာယ်နှစ်ဆ များလိမ့်မည်။

'အံ့ဩစရာ၊ တကယ်ကို အံ့ဩစရာပဲ။ ဒီမှာ မိုးမြေကျောက်စိမ်းအနှစ်သာရ နှစ်ခုရှိနေတာ အံ့သြစရာတော့ မရှိတော့ပါဘူး။ သူတို့က အမွှာအသက်တားမြစ်ကျင့်စဉ်အတွက် ပြင်ဆင်ပေးထားတာ'
လုမင် အလွန် စိတ်လှုပ်ရှားသွားသည်။

'မိုးမြေကျောက်စိမ်းအနှစ်သာရ နှစ်ခုရှိနေတာကလည်း တစ်မျိုးတော့ ကောင်းတယ်။ တစ်မျိုးက ဆရာကြီးကျိုးယန်အတွက် ရပြီး တစ်ခုကတော့ အမွှာအသက်တားမြစ်ကျင့်စဥ်အတွက် ငါသုံးမယ်။ တကယ်လို့ ပထမကြိုးစားမှုမှာ မအောင်မြင်ရင်တော့ ငါ လက်လျှော့လိုက်တော့မယ်'
လုမင် တွေးလိုက်သည်။

ထို့နောက် သတ္တုသေတ္တာကို သေသေချာချာပြန်ပိတ်ပြီး သိမ်းလိုက်သည်။

သဘာဝအရ ဤကဲ့သို့ လျှို့ဝှက်ကျင့်စဉ်များကို ယခု မလေ့ကျင့်နိုင်သေးပေ။ မိုးမြေကျောက်စိမ်းအနှစ်သာရအပြင် အခြား ပစ္စည်းများ၊ အထူးသဖြင့် စိတ်ဝိညာဉ်ကို အာဟာရဖြစ်စေသော ပစ္စည်းများကို လိုအပ်သည်။

၎င်းကို ကမ္မတိုက်ပွဲပြီးဆုံးပြီးမှသာ လေ့ကျင့်ရပေမည်။

'ကမ္မစာအုပ်ကို ကြည့်ရအောင်'

လုမင်၏ အတွေးတစ်ခုဖြင့် ကမ္မစာအုပ် ပေါ်လာသည်။

သူ၏ ကံကောင်းခြင်း အမှတ်ပေါင်းက သုံးသိန်းအထိ တိုးလာကြောင်း တွေ့လိုက်ရ၏။

တစ်နည်းဆိုရသော် ကောင်းကင်အဆိပ်ကျွန်းသို့ ဤခရီးစဉ်တွင် ‌ကံကောင်းခြင်းအမှန် နှစ်သိန်းကျော်အထိ တိုးတက်လာခဲ့သည်။။

ဤတစ်ကြိမ်ကတော့ တကယ့်ကို အခွင့်ကောင်းကြီး ကြုံလိုက်ရခြင်းပင်။

"တိုတမ်တိုင် ကိုးခု ပေါ်လာပြီလား"
လုမင်၏ မျက်လုံးများ ရုတ်တရက် ကျဉ်း‌မြောင်းသွားခဲ့သည်။ ကမ္မစာအုပ်တွင် တိုတမ်တိုင်ကိုးခု ပေါ်လာပြီဖြစ်ကြောင်း ဖော်ပြနေပေသည်။ ယခုအခါ ရှေးဟောင်းကမ္မမြို့ကိုမဖွင့်မီ တိုတမ်တိုင်တစ်ခုသာ ကျန်သည်။

ထာ၀ရနဂါး တန်ခိုးရှင် ( လုမင် ) (Ch 1 - 985 ) Book 1Where stories live. Discover now