86 - 90

381 31 0
                                    


ထာဝရနဂါးတန်ခိုးရှင် ( လုမင် )
မူရင်း စာရေးဆရာ - Mu Tong Ting Zhu
ဘာသာပြန်သူ      - ထာဝရ
အပိုင်း ( 86 ) လင်းနန် မီးနယ်မြေ

လုမင်ဟာ အခြေခံလှံသိုင်းကိုလည်း လေ့ကျင့်လိုက်ပြီး အတော်တိုးတက်လာခဲ့သည်။

သူ့ရဲ့လှံချက် တောင်တစ်လုံးလို တည်ငြိမ်ကာ ချောမွေ့လာပြီး လေထဲမှာပျံနေသော ယင်ကောင်ကိုပင် ထိုးဖောက်နိုင်လာခဲ့ပါသည်။

တတိယ‌မြောက်တစ်ပတ် (တတိယကြိမ်ခုနစ်ရက်) ကြာပြီးနောက် လုမင်ဟာ လှံဖျားမှာ တစ်ရာကီလိုဂရမ်လေးသော ကျောက်တုံးကို‌ချိတ်ဆွဲလိုက်ပါသည်။

ထို့နောက် တစ်ရာကီလိုဂရမ်လေးသော ကျောက်တုံးကိုပါထိန်းမရင်း လုမင်ဟာ ရေတံခွန််အောက်မှာ လေ့ကျင့်လိုက်သည်။

ထိုသို့ဖြင့် တစ်လခန့်ကြာမြင်သွားခဲ့သည်။

တစ်လခန့် အပြင်းအထန်လေ့ကျင့်ပြီး နောက်‌ဆုံးမှာတော့ လုမင်ဟာ အခြေခံလှံသိုင်းကို အလွန်ကျွမ်းကျင်ပိုင်နိုင်သွားခဲ့လေပြီ။

ထိုလအတွင်း လုမင်ဟာ လှံသိုင်းကို လေ့ကျင့်သကဲ့သို့ နတ်ဆိုးသားရဲသွေးအဆီအနှစ်နှစ်ဆယ်ကိုပါ စုပ်ယူသန့်စင်ခဲ့သောကြောင့် သူ့ရဲ့ ကျင့်ကြံခြင်း‌အခြေခံက မြန်ဆန်စွာတိုးတက်လာခဲ့သည်။

လက်ရှိ‌တွင် လုမင်ရဲ့ ကျင့်ကြံခြင်းအခြေခံက အဆင့်ခုနစ်သိုင်းသခင်၏ အထွတ်အထိပ်ကို ရောက်နေပြီး သိုင်းသခင်အဆင့်ရှစ်ကိုရောက်ဖို့ မဝေးတော့ပါချေ။

သွေးအဆီအနှစ်နှစ်ဆယ်ကို တစ်လကြာအသုံးပြုခဲ့တာကြောင့်လည်း လုမင်ရဲ့ ကျင့်ကြံခြင်းအခြေခံဟာ တည်ငြိမ်နေခဲ့ပါသည်။

"အခု မီးတောက်လှံသိုင်းကို လေ့ကျင့်လို့ရပြီ"
လုမင်လည်း ပါရာဂွန်ဘုရားကျောင်းထဲကို ဝင်သွားပြီး "မီးတောက်လှံသိုင်း"ကို ဂရုတစိုက်ဖတ်ရှုလိုက်ပါသည်။

မီတောက်လှံသိုင်းရဲ့ လှုပ်ရှားမှုများကို အကွက်ခြောက်ကွက်ခွဲထားသည်။

မီးတောက်ကခုန်ခြင်း၊ ချပ်ဝတ်ဖြိုခွင်း၊ တောက်ပသောလ၊ လျှပ်စီးဖမ်း၊ နယ်မြေဖြိုခွင်းနှင့် ပေါက်ကွဲခြင်းဟူ၍ဖြစ်သည်။

ထာ၀ရနဂါး တန်ခိုးရှင် ( လုမင် ) (Ch 1 - 985 ) Book 1Where stories live. Discover now