886 - 890

247 26 0
                                    

ထာဝရနဂါးတန်ခိုးရှင် ( လုမင် )
မူရင်း စာရေးဆရာ - Mu Tong Ting Zhu
ဘာသာပြန်သူ      - ထာဝရ
အပိုင်း ( 886 ) ထိပ်တန်းလေးဦးသို့ ဝင်ရောက်ခြင်း။

လုမင် ရေးထိုးလိုက်သော ဝင်္ကပါက ဟူမင်နှင့် ကွဲပြားသည်။

ဟူမင်ရေးထိုးထားသော ပုံစံအများစုမှာ အနီရောင်ဖြစ်သော်လည်း လုမင်သည်ကား အပြာရောင်ဖြစ်၏။

နဂါးဟိန်းသံ ထွက်ပေါ်လာပြီးနောက် အပြာရောင် နဂါးကြီးအဖြစ် စုစည်းသွားကာ ဟူမင်၏ဓားနှင့် မီးနဂါးဆီသို့ ပြေးဝင်သွားကာ တိုက်ခိုက်လိုက်သည်။

ထို့နောက် ပေါက်ကွဲသံများဟာ တိုက်ပွဲစင်မြင့်ပေါ်၌ ဆက်တိုက် ထွက်ပေါ်လာခဲ့သည်။ တချိန်တည်းမှာပင် မြူခိုးဖြူများက ပရိသတ်ကို ပြည့်နှက်နေစေခဲ့၏။

လုမင် ရေးထိုးထားသော ဝင်္ကပါများက ရေနှင့်သက်ဆိုင်သည်။

သူ၏ တိုက်ခိုက်မှုတိုင်းကလည်း ရေနှင့်သက်ဆိုင်ခဲ့ပေသည်။

လုမင်၏ ခြေလှမ်းများက ရှေ့ဆက်နေသလို သူ့လက်များကလည်း ဆက်တိုက်လှုပ်ရှားနေသည်။ သူက လက်ညိုးညွှန်လိုက်သောအခါ ရေဓားများ၊ ရေလှံများ၊ ရေနဂါးကြီးများ၊ ကျားများ စသည်တို့က ဟူမင်ထံသို့ ပြေးဝင်သွားကြသည်။
   
ဟူမင်ကလည်း ဝင်္ကပါများကို ဆက်လက်ရေးထိုးနေကာ တစ်ချိန်တည်းမှာပင် ကမ္ပည်းစာလိပ်နှင့်လည်း အစွမ်းထက် တိုက်ခိုက်မှုများအား ထုတ်ဖော်ခဲ့သည်။

ဟုတ်ပေသည်၊ ဟူမင် ထုတ်လွှတ်သည့် အရာအားလုံးက မီးတောက်များချည်း ဖြစ်ကြသည်။

ဤသည်ကား ရေနှင့်မီးကြားမှ တိုက်ပွဲတစ်ခုကဲ့သို့ပင်။။

"ဒီထျန်းယွမ်က အတော်ကျွမ်းကျင်မှုရှိတာပဲဟ၊ သူအရင်က ရေးထိုးထားတဲ့ ဝင်္ကပါတွေဟာ ရေချည်းပဲ မဟုတ်ဘူး။ တခြားတာအိုတွေလည်း ပါဝင်နေတယ်"

"အမှန်ပဲ၊ ဒီထျန်းယွမ်က တကယ်ကို အံ့သြစရာကောင်းလွန်းတယ်။ သူ့ရဲ့တာအိုက အရမ်းအံ့သြစရာကောင်းတာပဲ၊ ငါတို့အားလုံး အရင်က သူ့ကို လျှော့တွက်မိခဲ့တယ်"

"ဟုတ်တယ်၊ သူ့အရည်အချင်းဆိုရင် ဂိုဏ်းချုပ်ငယ် ကိုယ်စားလှယ်လောင်းဖြစ်ဖို့ အရည်အချင်းပြည့်မီပါတယ်"

ထာ၀ရနဂါး တန်ခိုးရှင် ( လုမင် ) (Ch 1 - 985 ) Book 1Where stories live. Discover now