31 - 35

415 37 0
                                    


ထာဝရနဂါးတန်ခိုးရှင် ( လုမင် )
မူရင်း စာရေးဆရာ - Mu Tong Ting Zhu
ဘာသာပြန်သူ      - ကိုခန့်
အပိုင်း ( 31 ) အလစ်ငိုက်ဖမ်းကာ တိုက်ခိုက်ခြင်း

"ဟားဟားဟား… လုမင်၊ ကျူပ်တောင် ဝင်ပါစရာမလိုတော့ဘူးထင်ပါရဲ့ဗျာ"
ဝေဇီယုက ရယ်မောလိုက်ပါသည်။

"မဟုတ်ဘူး… ဒီနေ့ လုမင်ကို ဘယ်သူမှမခေါ်သွားနိုင်စေရဘူး!"
ဖုန်းဝူက သူမရဲ့ရပ်တည်ချက်ကို ပြတ်ပြတ်သားသားထုတ်ဖော်သည်။ သူမရဲ့စကားက လူတိုင်းကို တုန်ခါသွားစေခဲ့ပါသည်။

သွမ့်မုမိသားစုမှ လူငယ်နှစ်ဦး၏မျက်နှာတွေက သုန်မှုန်သွား၍ ပြောလိုက်သည်။
"ဖုန်းဝူ… ခင်ဗျား သွမ့်မုမိသားစုကို ဆန့်ကျင်ချင်တာလား… သွမ့်မုမိသားစုရဲ့ဒေါသက ခင်ဗျားကိုင်တွယ်နိုင်တာ မဟုတ်ဘူးနော်"

ယွမ်ချူံကလည်း စိုးရိမ်ပူပန်စွာနှင့် အမြန်ဝင်ပြောလိုက်ပါသည်။
"ဂိုဏ်းတူညီမဖုန်းဝူ… လုမင်အတွက် သွမ့်မုမိသားစုနဲ့ ညီအကိုဝေကို ရန်စတာက ညဏ်ရှိတဲ့အပြုအမူမဟုတ်ဘူး… ကျုပ်တို့ ရန်မပွားပဲ နေလိုက်ကြရအောင်"

"ပါးစပ်ပိတ်! လုမင်ကို ဒီနေ့ ဘယ်သူ ထိရဲလဲ? သူ့ကို ထိချင်ရင် ကျွန်မရဲ့ဓါးကို အရင်ကျော်မှရမယ်!"

ချွမ်!
ဖုန်းဝူက ဓါးကို တစ်ချက်လွှဲခုတ်လိုက်တာနှင့် ကြီးမားသည့် ကျောက်တုံးတစ်တုံးက ထက်ပိုင်းပြတ်ကျသွားလေသည်။

သူမရဲ့ခန္ဓာကိုယ်မှာ အဆင့်တစ် သိုင်းသခင်တစ်ယောက်ရဲ့ အရှိန်အဝါများ ထွက်ပေါ်လာ၏။

ဝေဇီမင်၊ ဝေဇီယု၊ သွမ့်မုမိသားစုမှ လူငယ်နှစ်ဦးနှင့် ယွမ်ချုံရဲ့မျက်နှာက မည်းမှောင်သွားလေသည်။

အထူးသဖြင့် ယွမ်ချုံပင်။ သူက အံကြိတ်လိုက်ပါသည်။

ဝေဇီယု၊ သွမ့်မုမိသားစုမှ လူငယ်နှစ်ဦးတို့ရဲ့ မျက်လုံးတွေက အေးစက်သွားပါ၏။ လုမင်က သူတို့အတွက် လွယ်ကူသောပစ်မှတ်ဖြစ်သော်လည်း ဖုန်းဝူကိုမူ ကိုင်တွယ်ရ ခက်ခဲပေလိမ့်မည်။

ဝေဇီယု၏ ကျင့်ကြံ‌ခြင်းအခြေခံက ပထမအဆင့် သိုင်းသခင်ဖြစ်ပြီး သွမ့်မုမိသားစုမှ လူငယ်နှစ်ဦးကတော့ သိုင်းစစ်သည် အဆင့်ကိုးမှာပင် ရှိနေကြပါသေးသည်။

ထာ၀ရနဂါး တန်ခိုးရှင် ( လုမင် ) (Ch 1 - 985 ) Book 1Where stories live. Discover now