561 - 565

258 27 0
                                    


ထာဝရနဂါးတန်ခိုးရှင် (လုမင် )
မူရင်း စာရေးဆရာ - Mu Tong Ting Zhu
ဘာသာပြန်သူ      - ထာဝရ
အပိုင်း ( 561 ) နဂါးအလောင်း

အလင်းတန်းတစ်ခု ဖြာထွက်ကာ ရှေးဟောင်းမြို့တော်သခင်နှင့် တခြားသူများရှေ့မှ ပိတ်ဆို့သွား၏။

"ဝုန်း ဝုန်း ဝုန်း"
အစွမ်းထက် အလောင်းစောင့်နှင့် သန့်စင်အလောင်းများက အပြင်းအထန်တိုက်ခိုက်လိုက်သော်လည်း အနည်းငယ်သာ တုန်ခါသွား၍ မပျက်ဆီးသွားပေ။

"သေစမ်း... တိုက်ခိုက်ကြ"
ဘုရင်ကြီးအလောင်းစောင့်ဟာ အော်ဟစ်အမိန့်ပေး၍ သန့်စင်အလောင်းများကိုထိန်းချုပ်ကာ ဆက်လက်တိုက်ခိုက်လိုက်သည်။

သို့သော် မှော်အက္ခရာများက ခိုင်မာလွန်း၍ ချိုးဖောက်မရသေးပေ။

"ရှေးဟောင်းမြို့သခင်... မင်းရဲ့မိသားစုဝင်တွေ တစ်ယောက်ပြီးတစ်ယောက် အသတ်ခံရတာကို ကြည့်နေနိုင်လား... ဆက်ပြီး ပုန်းနိုင်အုံးမှာလား"
အလောင်းစောင့်အဘိုးကြီးက လှောင်ပြောင် ပြောဆိုလိုက်သည်။

"အား အား..."
ချက်ချင်းပင် ရွမ်မိသားစုဝင်များ၏ အော်သံများ ပိုစိပ်လာသည်။

ရှေးဟောင်းမြို့သခင် အံကြိတ်ထားကာ မျက်ရည်များ စီးကျလာ၏။

"အား... သေစမ်း"
ရွှမ်ဖုန်းနှင့် ဝင်္ကဘာထဲကို ဝင်ရောက်နိုင်ခဲ့သော ရွှမ်မိသားစုဝင်များဟာ မြင်ကွင်းကိုကြည့်၍ မျက်လုံးများ နီရဲနေကြတော့သည်။

"ရွှမ်မိသားစုဝင်တွေကို တစ်ခါတည်းမသတ်နဲ့... ဒီကိုခေါ်လာခဲ့ကြ"
အလောင်းစောင့်အဘိုးကြီး အမိန့်ပေးလိုက်သည်။

မကြာမီ အလောင်းစောင့်များက ဒဏ်ရာအသီးသီးရထားသော ရွှမ်မိသားစုဝင်များကို ခေါ်ဆောင်လာကြ၏။

"မြို့တော်သခင် ကယ်ပါအုံး"
တချို့က ကြောက်လန့်တကြားဖြင့် အော်ဟစ်လိုက်ကြသည်။

သို့သော် ရှေးဟောင်းမြို့တော်သခင်က လက်သီးကို ကျစ်ကျစ်ပါအောင် ဆုပ်ထားပြီး ဘာမှ မပြောပေ။

ဝင်္ကဘာဖွင့်လိုက်သည်နှင့် ယခုထက် အခြေအနေပိုဆိုးသွားပေလိမ့်မည်။

ထာ၀ရနဂါး တန်ခိုးရှင် ( လုမင် ) (Ch 1 - 985 ) Book 1Where stories live. Discover now