291 - 295

314 30 0
                                    

ထာဝရနဂါးတန်ခိုးရှင် ( လုမင် )
မူရင်း စာရေးဆရာ - Mu Tong Ting Zhu
ဘာသာပြန်သူ      - ထာဝရ
အပိုင်း ( 291 ) နားငြီးတယ်

လုမင်က နဝမနဂါးသွေးမျိုးဆက်ဖြင့် ဆံအဖြူအဘိုးကြီး၏ သွေးအဆီအနှစ်ကို ဝါးမြိုလိုက်ပါသည်။

ထို့နောက် အခြားသူတွေ၏ သိုလှောင်လက်စွပ်တွေကို ချွတ်ယူလေ၏။ သူက သိုလှောင်လက်စွပ်ကို ယူငင်ရင်း ၎င်းတို့၏ သွေးအဆီအနှစ်တွေကိုပါ ဝါးမြိုခဲ့ပါသည်။

လုမင်က ရှီဖန်းဓားဂိုဏ်း၏ သိုင်းဘိုးဘေးလေးယောက်ကို အလွယ်တကူသတ်ဖြတ်ခဲ့ချေပြီ။ ချိုးကန်ခုန်းအနေဖြင့် ယင်းကို အိပ်မက်ပင် မက်ဖူးမည်မထင်ပေ။

"သွားစို့"
လုမင်က အသာပြုံးလိုက်ပါသည်။ သူက ရှဲ့နျန်ချင်းနှင့် သွေးနတ်ဆိုးကိုခေါ်ကာ ကောင်းကင်ပေါ်ကို ပျံသန်းသွားလေ၏။ ထို့နောက်မှာတော့ တော်ဝင်နန်းတော်ဆီကို အလင်းတန်းတစ်ခုသဖွယ် ဦးတည်လိုက်ကြတော့သည်။

ပျံသန်းရင်းနှင့် လုမင်ဟာ သွေးအဆီအနှစ်တွေကို သန့်စင်လေ၏။

'သွေးအဆီအနှစ်ကို သန့်စင်တာက ငါ့ရဲ့ ဒုတိယသွေးမျိုးဆက်အပေါ် အလုပ်လုပ်မလားမသိဘူး'
လုမင်က အတွေးတစ်ချက်နှင့် နဝမနဂါးသွေးမျိုးဆက်မှ စွမ်းအင်တွေကို ဒုတိယသွေးမျိုးဆက်ဆီ လွှဲပြောင်းပေးလိုက်ပါသည်။

ထိုအခါ ဒုတိယသွေးမျိုးဆက်က စွမ်းအင်တွေကို အရူးအမူးစုပ်ယူလာ၏။ လုမင်ဟာ ဒုတိယ‌သွေးမျိုးဆက်၏ အရှိန်အဝါတွေ ပိုပြင်းထန်ပြီး ဘုရင်အဆင့် ချက္ကသုံးခုက အရောင်ပိုတောက်ပလာသလို ခံစားလိုက်ရပါသည်။

'တကယ်ကြီး အလုပ်ဖြစ်တယ်ဟ… ဒုတိယသွေးမျိုးဆက်ကိုပါ အဆင့်မြှင့်တင်နိုင်တယ်'
လုမင် အလွန်ပျော်ရွှင်သွားခဲ့လေ၏။

ဤအတိုင်းဆို မဆိုးပေ။

နဝမနဂါးသွေးမျိုးဆက်က သွေးအဆီအနှစ်ကို ဝါးမြိုနိုင်သလို အခြားသွေးမျိုးဆက်ကိုလည်း အဆင့်မြှင့်တင်နိုင်ပေသည်။ ယင်းက အလွန်အံ့ဩစရာကောင်း၏။

ထို့အတွက် သူ့သွေးမျိုးဆက်က ဘယ်အဆင့်နှင့်နိုးထားလာသည်ဆိုတာ အရေးမပါတော့ပေ။ သူ့အတွက် သွေးအဆီအနှစ်တွေကို စုပ်ယူနိုင်သ၍ သွေးမျိုးဆက်ကို အဆင့်မြှင့်တင်နိုင်ပေ၏။

ထာ၀ရနဂါး တန်ခိုးရှင် ( လုမင် ) (Ch 1 - 985 ) Book 1Where stories live. Discover now