766 - 770

270 24 0
                                    

ထာဝရနဂါးတန်ခိုးရှင် ( လုမင် )
မူရင်း စာရေးဆရာ - Mu Tong Ting Zhu
ဘာသာပြန်သူ      - ထာဝရ
အပိုင်း ( 766 ) ဒီလူက လုမင်ပဲ။
   
အခြားသူအားလုံး ထိတ်လန့်တကြားဖြင့် မျက်လုံးပြူးသွားကြသည်။

ယခုလေးတင် အကြီးအကဲဟွာက သူ့ခွန်အားအပြည့်ကို အသုံးပြုခဲ့သော်လည်း ခုန်းကျင်းက အလွယ်တကူ တွန်းထုတ်ခဲ့ဆဲပင်။ အရေးကြီးဆုံးကတော့ ခုန်းကျင်းက ပေါ့ပေါ့ပါးပါး ထိုးထုတ်လိုက်ခြင်း ဖြစ်သည်။ သို့ဆိုလျှင် သူ့ခွန်အားက ဘယ်လောက်တောင် သန်မာနိုင်သနည်း။

"အဆင့်တစ် ဝိညာဉ်ပင်လယ်… အဆင့်တစ် ဝိညာဉ်ပင်လယ် ကျင့်ကြံခြင်းအခြေခံနဲ့ ဒီလောက်ထိ အစွမ်းထက်နေတာ... သူက တကယ့်ပါရမီရှင်ပဲလား"
ချောင်းလုံ ရေရွတ်လိုက်သည်။

ဝိညာဉ်ပင်လယ်နယ်ပယ်သို့ ဖြတ်ကျော်နိုင်သူတိုင်းက ပါရမီရှင်များထဲမှ ပါရမီရှင်ဖြစ်သည်။

နဂါးကိုးကောင်မြို့မှာတော့ အသက်သုံးဆယ်အောက်နှင့် ဝိညာဉ်ပင်လယ်နယ်ပယ်သို့ ဖြတ်ကျော်သွားသူများ အများအပြားရှိ၏။ သို့သော်လည်း အများစုမှာ သာမန်လောက်သာဖြစ်ပြီး ထူးချွန်သူများ မဟုတ်ကြပေ။

ချောင်းလုံဟာ ဤခုန်းကျင်းက ထိပ်သီးပါရမီရှင်တစ်ဦး ဖြစ်ရမည်ဟု စိတ်ထဲတွင် တွေးလိုက်သည်။
   
ထိုအခါ သူ့နှလုံးသားကလည်း ပူလာခဲ့၏။

ခုန်းကျင်းက ထိပ်သီးပါရမီရှင်ဆိုလျှင် လုမင်ဆိုသူကကော။
   
'လုမင်… လုမင်လား"
ရုတ်တရတ် ချောင်းလုံ၏ မျက်လုံးက အရောင်လက်သွားကာ ရင်ခုန်သံမြန်လာသည်။
   
သတိရပြီ၊ သူမှတ်မိပြီ။

မကြာသေးမီက သူသည် ယခုနှစ်၏ ကောင်းကင်ဘုရင်စာရင်းတိုက်ပွဲ ပြီးဆုံးသွားကြောင်းနှင့် ဘုရင်စာရင်း အသစ်ထွက်လာကြောင်း အသိများထံမှ ကြားသိခဲ့ရသည်။

ဤအကြိမ် ပထမအဆင့် အသန်မာဆုံးဘုရင်ကိုလည်း လုမင်ဟု ခေါ်၏။

ယခုအခါ နဂါးကိုးကောင်မြို့က အမျိုးမျိုးသော ကျင့်ကြံခြင်းနေရာများကို ဖွင့်လှစ်ထားသဖြင့် အင်အားစုကြီးငယ်တိုင်းသည် ထိုမြင့်မြတ်နယ်မြေများကိုသာ အာရုံစိုက်နေခဲ့ကြသည်။ ယင်းက ဝိညာဉ်ပင်လယ်နယ်ပယ်များနှင့်သာ သက်ဆိုင်သောကြောင့် ကောင်းကင်ဘုရင်များစာရင်းကို သိပ်ဂရုမစိုက်မိခဲ့ပေ။

ထာ၀ရနဂါး တန်ခိုးရှင် ( လုမင် ) (Ch 1 - 985 ) Book 1Where stories live. Discover now