736 - 740

260 27 0
                                    


ထာဝရနဂါးတန်ခိုးရှင် ( လုမင် )
မူရင်း စာရေးဆရာ - Mu Tong Ting Zhu
ဘာသာပြန်သူ      - ထာဝရ
အပိုင်း ( 736 )  ပါရမီရှင်လေးယောက်

လုမင်၏ နှုတ်ခမ်းများက လှောင်ပြောင်သရော်ဟန်ဖြင် တွန့်ကွေးကာ ပြုံးသွားသည်။ 

ကျန်းထိုက်ရှ ဘာကိုဆိုလိုသည်မှန်း သူကောင်းစွာသိ၏။

ကျန်းထိုက်ရှ၏ အဓိပ္ပါယ်က သိသာထင်ရှားလှပေသည်။ ကျန်းထိုက်ရှပင် ဆယ့်ကိုးထပ်သို့ တက်နိုင်သော်လည်း လုမင်က အလွှာနှစ်ဆယ်ကို ရောက်သွားပြီဆိုလျှင် သူ့မျက်နှာအား ဘယ်မှာထားမလဲ။

မိမိမတက်နိုင်သည်နှင့် တခြားသူများကိုပါ မတက်စေခြင်းက ရယ်စရာကောင်းလှသည်။
 
သဘာဝအတိုင်း လုမင်က ဤလူမျိုးကို ဂရုမစိုက်ပေ။
 
"မင်းမှာ အရည်အချင်းရှိရင် တက်လာခဲ့"
လုမင်က အေးစက်စက်ဖြင့် ပြုံးလိုက်သည်။ ထို့နောက်ကျန်းထိုက်ရှကို လျစ်လျူရှုကာ မဆိုင်းမတွပင် ခြေလှမ်းလိုက်၏။

"ဒုန်း"
လုမင်က ဒုတိယလှေကားကို လှမ်းတက်သောအခါတွင် လူအားလုံးကလည်း သူနှင့်အတူ ပါသွားသကဲ့သို့ ခံစားလိုက်ရသည်။ လုမင်က ထိုနေရာတွင် ကောင်းစွာမရပ်နိုင်ဘဲ အချိန်မရွေး ပြုတ်ကျသွားတော့မလို အနည်းငယ် တုန်လှုပ်သွား၏။

လုမင်ဟာ ကောင်းကင်ယံ၌ လူရိပ်ကြီးကို မြင်နေရဆဲပင်၊ သို့ရာတွင် ဤအဆင့်မှာ ဖိအားများက ပို၍ ကြောက်စရာကောင်းပြီး အားကောင်းလာသည်။

'ဆင်းသွား'
လုမင်စိတ်ထဲမှာလည်း သံလှိုင်းတစ်ခုသည် ရိုက်ခတ်သွား၏။ 
 
အဆုံးမဲ့‌ရောင်စုံအလင်းများကလည်း ကျဆင်းလာကာ လုမင်ခန္ဓာအား ရိုက်ခတ်ကြတော့သည်။ လုမင်လည်း တစ်ကိုယ်လုံး ရစရာမရှိအောင် စုတ်ပြတ်သွားပြီး ဒဏ်ရာများကိုပင် ရှင်းရှင်းလင်းလင်း သိမြင်ခဲ့ရသည်။
 
ဟုတ်ပေသည်၊ ယင်းက လုမင်၏ ခံစားချက်သက်သက်ဖြစ်ပြီး တခြားသူများ မြင်ရတာကတော့ အနည်းငယ်တုန်ခါနေသော သူ့ခန္ဓာသာ ဖြစ်သည်။

"နင်းလိုက်၊ နင်းလိုက်စမ်း"

"သူ့ခန္ဓာက နည်းနည်းတော့ တုန်နေတယ်၊ ဒါက ​​အရမ်းခက်နေတဲ့ပုံပဲ၊ သူနေနိုင်ပါ့မလားမသိပေမဲ့ တည်ငြိမ်နိုင်ရင်တော့ ပါရမီရှင်တစ်ထောင်စာရင်းက ထိပ်တန်းနှစ်ဆယ်နဲ့ ယှဉ်နိုင်နေလောက်ပြီ"

ထာ၀ရနဂါး တန်ခိုးရှင် ( လုမင် ) (Ch 1 - 985 ) Book 1Where stories live. Discover now