211 - 215

323 33 0
                                    


ထာဝရနဂါးတန်ခိုးရှင် ( လုမင် )
မူရင်း စာရေးဆရာ - Mu Tong Ting Zhu
ဘာသာပြန်သူ      - ထာဝရ
အပိုင်း ( 211 ) ငပျော့လား

ပုံမှန်အားဖြင့် နှိမ့်ချနေပြီး ကျင့်ကြံခြင်းကိုသာ အာရုံစိုက်တတ်သော သိုင်းရူးမင်ချန်ဟာ  အမှန်ပင် ကြောက်မက်ဖွယ်စွမ်းအားကို ပိုင်ဆိုင်ထားလေ၏။ သူက မဟာကျွမ်းကျင်သူ နံပါတ်တစ်ဆယ်ကို အကွက်သုံးဆယ်အတွင်းမှာ အနိုင်ယူနိုင်ပေသည်။

၎င်းက လူတိုင်း၏ မျှော်လင့်ချက်ကို ‌ကျော်လွန်နေခဲ့ပါသည်။

"ပိုင်ချီ… ဒါက မင်းရဲ့ခွန်အားလားကွ… အတော်စိတ်ပျက်ဖို့ ကောင်းလိုက်တာကွာ… အခုကစပြီး မင်း မဟာကျွမ်းကျင်သူဆယ်ဦးထဲကနေ လစ်လိုက်တော့… မင်းနေရာကို ငါပဲ ယူလိုက်တော့မယ်"
မင်ချန်က ကျယ်လောင်စွာပြောလိုက်သည်။

ပိုင်ချီက အံတင်းတင်းကြိတ်လိုက်ပါသည်။ သူက လက်မခံချင်သော်လည်း ငြင်းဆန်လို့မရနိုင်ပါချေ။

သူဟာ မူလက မဟာကျွမ်းကျင်သူ‌ဆယ်ဦးထဲမှာ အဆင့်တစ်ဆယ်ဖြစ်ပေသည်။ ယခုတော့ သူရှုံးသွားခဲ့ပြီမို့ မဟာကျွမ်းကျင်သူဆယ်ဦးထဲကနေ နှုတ်ထွက်ပြီး မင်ချန်က သူ့နေရာကို အစားထိုးရပေလိမ့်မည်။

"နောက်ပြီး မင်းမှာ ဒီမှာဆက်နေဖို့ အရည်အချင်းမရှိတော့ဘူး… ဒါကြောင့် မင်းဒီကနေထွက်သွားဖို့ သုံးရက်ပဲ အချိန်ပေးမယ်"
မင်ချန်က ပြုံးလျက်ပြောလိုက်သည်။

"ဘာကွ… မင်းအနိုင်မကျင့်လာနဲ့နော်"
ပိုင်ချီက ဟိန်းဟောက်လိုက်ပါသည်။

"သည်းမခံနိုင်အောင် အနိုင်ကျင့်တာလား… ငါ့ညီလေးကို အနိုင်ကျင့်တုန်းက မင်းဘာလို့ ဒီလိုမတွေးခဲ့လဲ… မင်းက သန်မာတာနဲ့ အခြားသူတွေကို အနိုင်ကျင့်နိုင်တယ်လို့တွေးနေခဲ့တယ် မဟုတ်လား… အခု ငါက မင်းထက်သန်မာလို့ အနိုင်ကျင့်တယ်ကွာ… အဲတာ ဘာဖြစ်လဲ"
မင်ချန်က လှောင်ပြောင်ပြောဆိုလိုက်ပါသည်။

"မင်း…"
ပိုင်ချီက အလွန်ဒေါသထွက်နေသော်လည်း ပြောစရာစကား မရှိပါချေ။

"ဟားဟားဟား… ငါ့ညီနဲ့ညီမလေးရေ၊ သွားကြမယ်ဟေ့"
မင်ချန်က ရယ်ပြီး လှည့်ထွက်လာခဲ့ပါသည်။

ထာ၀ရနဂါး တန်ခိုးရှင် ( လုမင် ) (Ch 1 - 985 ) Book 1Where stories live. Discover now