891 - 895

261 28 0
                                    


ထာဝရနဂါးတန်ခိုးရှင် ( လုမင် )
မူရင်း စာရေးဆရာ - Mu Tong Ting Zhu
ဘာသာပြန်သူ      - ထာဝရ
အပိုင်း ( 891 ) ကောင်းကင်အမြင်နယ်မြေသို့ ဝင်ရောက်ခြင်း။

ကောင်းကင်တွင် ပိုင်ရှီကျင်း၏ နှုတ်ခမ်းများက တွန့်ကွေးပြီး ပြုံးသွားခဲ့သည်။

'ဒီကောင်က လုမင်ကို အတော်လေး အကောင်းမြင်နေပုံရတယ်'
ကျွင်းစုန့်ကြွယ်၏ မျက်လုံးများက တောက်ပလခဲ့သည်။ သူသည် ပိုင်ရှီကျင်းက လုမင်အတွက် အရှိန်အဟုန်ကို တည်ဆောက်နေမှန်း သိသော်လည်း သူ့ကို ငြင်းဆိုခြင်း သို့မဟုတ် ရပ်တန့်ခြင်း မရှိခဲ့ပေ။

"ကောင်းပြီ"
ထိုအချိန်တွင် ပိုင်ရှီကျင်း၏ အသံထွက်လာပြီး မြင်ကွင်းက တိတ်ဆိတ်သွားခဲ့သည်။

"အခု ဒီပြိုင်ပွဲရဲ့ရလဒ်မှာ ပထမနေရာ ထျန်းယွမ်၊ ဒုတိယနေရာ ကျိမိုင်၊ တတိယနေရာ ရန်ထုံဟွာ"
ပိုင်ရှီကျင်းက ကြေညာခဲ့သော်လည်း လေသံပြောင်းကာ ပြောလိုက်သည်။
"မူလက ဒီတစ်ခေါက် ကောင်းကင်အမြင်နယ်မြေ ဝင်ခွင့်ကို သုံးနေရာပဲ စီစဉ်ထားခဲ့ပေမဲ့ ဒီတစ်ခေခက်မှာ ပါရမီတွေ မြင့်မားကြတာရတာရယ်၊ ကမ္မတိုက်ပွဲကလည်း နီးကပ်လာတာကြောင့် အကြီးအကဲတွေ တိုင်ပင်ပြီး ငါးနေရာအထိတိုးဖို့ ဆုံးဖြတ်လိုက်တယ်"

"ထျန်းယွမ်၊ ကျိမိုင်၊ ရန်ထုံဟွာတို့အပြင် မုံ့ကျားနဲ့ ဟူမင်လည်း ကောင်းကင်အမြင်နယ်မြေကို ဝင်ရောက်နိုင်မယ်။ အခု ပြိုင်ပွဲပြီးပြီ၊ မနက်ဖြန်ကျရင် ကောင်းကင်အမြင်နယ်မြေကို ဝင်ရောက်နိုင်တယ်"
ပိုင်ရှီကျင်းက ပြောဆိုကာ စမ်းသပ်မှုကို အဆုံးသတ်လိုက်သည်။
   
ထိုအခါ မုံ့ကျားနှင့် ဟူမင်တို့လည်း သဘာဝအတိုင်း ပျော်ရွှင်ခဲ့ပေသည်။

ရာနေရာရှိ အခြားသူများကတော့ သူတို့ကို မနာလိုစွာဖြင့် စိုက်ကြည့်လိုက်ကြသည်။

"ထျန်းယွမ်၊ နင်က အရမ်းအစွမ်းထက်တာပဲ"
ပိုင်ချီရွယ်က လုမင်ကို စူးစူးစိုက်စိုက် ကြည့်လိုက်၏။

"သွားရအောင်"
လုမင်လည်း ပိုင်ချီရွယ်၏ လက်ကလေးကိုဆွဲကာ ယွင်ဖုန်းခြံဝင်းဆီသို့ တိုက်ရိုက် ပျံသန်း ထွက်ပြေးသွားတော့သည်။ အကြောင်းမှာ မိန်းမပျိုလေးများက သူ့ထံသို့ ချက်ချင်း အုံဆင်းလာခဲ့၍ ဖြစ်သည်။ ဤနေရာတွင် ပိတ်မိသွားခဲ့ပါက သူ့အတွက် ခက်ခဲပေလိမ့်မည်။
   
မိုင်ပေါင်းသောင်းချီ ပျံသန်းပြီးမှ နှစ်ယောက်သား အရှိန်လျှော့သွားသည်။

ထာ၀ရနဂါး တန်ခိုးရှင် ( လုမင် ) (Ch 1 - 985 ) Book 1Where stories live. Discover now