536 - 540

272 28 0
                                    


ထာဝရနဂါးတန်ခိုးရှင် (လုမင် )
မူရင်း စာရေးဆရာ - Mu Tong Ting Zhu
ဘာသာပြန်သူ      - ထာဝရ
အပိုင်း ( 536 ) သုံးကွက်တည်းလား

"ဘာတွေအလျင်လိုနေတာလဲ... ငါ့ဆုလာဘ်တောင် မယူရသေးဘူး"
လုမင်က ဂရုမစိုက်ဟန်ဖြင့် ကောင်တာမှ အဘိုးကြီးကို လှည့်ကြည့်လိုက်သည်။

အဘိုးကြီးလည်း သိုလှောင်လက်စွပ်တစ်ကွင်းကိုထုတ်ယူကာ လုမင်အား ကမ်းပေးလိုက်၏။
"ထိပ်တန်းအဆင့် ဝိညာဉ်ကျောက်တုံး ရှစ်သိန်းရှစ်သောင်းပါ... စစ်ကြည့်လိုက်ပါအုံး"

"မလိုတော့ပါဘူး"
လုမင် ပြုံး၍ ဝိညာဉ်ကျောက်တုံးများကို သူ့ကိုယ်ပိုင် သိုလှောင်လက်စွပ်ထဲသို့ ပြောင်းထည့်လိုက်သည်။

ထို့နောက် ၎င်းသိုလှောင်လက်စွပ်ကို အဘိုးကြီးထံသို့ ပြန်ကမ်းပေးလိုက်၏။

"ဟီးဟီး... မင်း ဆုလာဘ်တွေ ရိတ်သိမ်းပြီး ငါ့ကိုပြန်ပေးမလို့လား"
ရှန့်ချွမ် လှောင်ပြောင်လိုက်သည်။

"တကယ်ကြီးလား... နောက်မှ မငိုနဲ့နော်"
လုမင် နှုတ်ခမ်းကို တွန့်ကွေးလိုက်၏။

ချက်ချင်းပင် လုမင်လည်း တိုက်ပွဲစင်မြင့်ဆီသို့ ဦးတည်လိုက်တော့သည်။

ကောင်းကင်ဧကရာဇ်ဌာနခွဲနန်းတော်တွင်လည်း ကောင်းကင်နတ်ဘုရားအစောင့်အရှောက် တိုက်ပွဲစင်မြင့်ရှိသည်။

"သွားစို့... သွားကြည့်ရအောင်"
တာဝန်ခန်းမထဲမှလူများလည်း ချက်ချင်း ထွက်လိုက်လာကြ၏။

ယခုအခါ လူငါးရာ၊ ခြောက်ရာခန့်ပင် ရှိလာခဲ့ချေပြီ။

တချို့ကလည်း အသံလွှင့်အဆောင်များနှင့် အပေါင်းအသင်းများကို ခေါ်ယူလိုက်ကြသည်။

လူငါးရာ၊ ခြောက်ရာခန့်က အတူတူ လျှောက်လာပေရာ အခြားသူများအာရုံကို ထပ်မံဖမ်းစားသွား၏။ ထို့ကြောင့် အခြေအနေကို မေးမြန်းကြီး အကြောင်းရင်းကိုသိသောအခါ တိုက်ပွဲစင်မြင့်ဆီသို့ လိုက်ပါချီတက်ကြတော့သည်။

လူအရေအတွက် လျင်မြန်စွာ တိုးလာကာ မကြာမီပင် တစ်ထောင်ဝန်းကျင်ခန့် ရောက်ရှိလာသည်။

ထာ၀ရနဂါး တန်ခိုးရှင် ( လုမင် ) (Ch 1 - 985 ) Book 1Where stories live. Discover now