861 - 865

234 25 0
                                    

ထာဝရနဂါးတန်ခိုးရှင် ( လုမင် )
မူရင်း စာရေးဆရာ - Mu Tong Ting Zhu
ဘာသာပြန်သူ      - ထာဝရ
အပိုင်း ( 861 ) ညွှန်ပြခြင်း။
 
တံခါးမှ ထွက်လာသည်နှင့် လုမင်သည် ခြံဝင်းအတွင်း၌  ကမ္ပည်းစာလိပ်သန့်စင်ရန် အာရုံစိုက်‌နေသော ပိုင်ချီရွယ်အား မြင်တွေ့လိုက်ရသည်။

အထူးပစ္စည်းဖြင့်ပြုလုပ်ထားသည့် စာရွက်ဖြူတစ်ရွက်ကို စင်ပေါ်တွင် ဖြန့်ချထားသည်။ ပိုင်ချီရွယ်က မျက်မှောင်ကြုတ်နေပြီး သူမ လက်ချောင်းထိပ်မှာလည်း အပြာနုရောင်ဝိညာဉ်မီးများ တောက်ပနေ၏။ ပိုင်ချီရွယ်၏ လက်ချောင်းကလေးများဖြင့် စေစားမှုအောက်တွင် အမှုန်တချို့က စက္ကူဖြူပေါ်သို့ ကျဆင်းသွားပြီး ကမ္ပည်းသန့်စင်လိုက်သည်။

စာရွက်ဖြူပေါ်တွင် လှပသော ကမ္ပည်းများကလည်း တစ်ခုနှင့်တစ်ခု ရောယှက်ကာ ထွက်ပေါ်လာသည်။

'အဆင့်ခြောက်နဲ့ အဆင့်ခုနစ် ကောင်းကင်မီးနတ်ဓား'
လုမင်သည် တစ်ချက်ကြည့်ရုံဖြင့် ပိုင်ချီရွယ်က အဆင့်ခြောက်နှင့် အဆင့်ခုနစ် ကောင်းကင်မီးနတ်ဓားကမ္ပည်းစာလိပ်ကို သန့်စင်နေကြောင်း သိလိုက်သည်။ ၎င်းကို အောင်မြင်စွာ သန့်စင်နိုင်ပါက အဆင့်ခုနစ် ဝိညာဉ်ပင်လယ်နယ်ပယ်၏ တိုက်ခိုက်နိုင်စွမ်းနှင့် ညီမျှပေလိမ့်မည်။

လုမင်က ထွက်ခွာရန် အလျင်မလိုဘဲ ပိုင်ချီရွယ်အနောက်တွင်ရပ်ကာ စိတ်ဝင်တစား ကြည့်လိုက်သည်။

ပိုင်ချီရွယ်၏ ကမ္ပည်းပညာက အလွန်သိမ်မွေ့သည်။ သူမ၏ ကမ္ပည်းရေးထိုးမှု အမြန်နှုန်းနှင့် ဝိညာဉ်မီး၏ ကျွမ်းကျင်မှုက အလွန်သိမ်မွေ့သောအဆင့်ကို ရောက်နေခဲ့ချေပြီ။

'သူ့ရဲ့ ဝိညာဉ်မီးကို အသုံးပြုနိုင်စွမ်းက 'သိမ်မွေ့ခြင်း' နှောင်းပိုင်းအဆင့်ကိုတောင် ရောက်နေခဲ့ပြီပဲ၊ သူက ပိုင်ရှီကျင်းရဲ့ တပည့်ဖြစ်တာ အံ့ဩစရာ မရှိတော့ပါဘူး'
လုမင် တိတ်တဆိတ် သဘောကျသွားမိသည်။

ကမ္ပည်းသန့်စင်သူများတွင် ၎င်းတို့၏ တိုက်ခိုက်နိုင်စွမ်း သန်မာခြင်း၊ အားနည်းခြင်းက ကမ္ပည်းကို အားကောင်းခြင်းအတွက် များစွာ မထောက်ကူနိုင်ပေ။ ဤနေရာတွင် ဝိညာဉ်မီး၏ အစွမ်းသတ္တိအပြင် ဝိညာဉ်မီး အသုံးပြုပုံနှင့်လည်း သက်ဆိုင်သည်။

ထာ၀ရနဂါး တန်ခိုးရှင် ( လုမင် ) (Ch 1 - 985 ) Book 1Where stories live. Discover now