101 - 105

356 33 0
                                    


ထာဝရနဂါးတန်ခိုးရှင် ( လုမင် )
မူရင်း စာရေးဆရာ - Mu Tong Ting Zhu
ဘာသာပြန်သူ      - ထာဝရ
အပိုင်း ( 101 ) လမ်းရှင်းသည်

အရှေ့ဘက် မျက်နှာစာတွင် ယောက်ထျန်းယုရဲ့မျက်နှာက သုန်မှုန်နေပြီး အခြားသူတွေရဲ့ မျက်နှာတွေကလည်း အကြည့်ရဆိုးနေတော့သည်။

"သေစမ်း… ဒီလုမင်က လနည်နည်းပဲရှိသေးပေမယ့် သူ့ရဲ့ ကျင့်ကြံခြင်းအခြေခံက အတော်တိုးတက်လာခဲ့တာပဲ… ဂိုဏ်းတူအကိုယောက်… သူ့ကိုအမြန်သတ်ရမယ်… မဟုတ်ရင် သူက မကြာခင် ကြေးဇယားကို ရောက်လာတော့မယ်"
အနီရောင်ဝတ်စုံနှင့် လူငယ်က ပြောလိုက်သည်။

"ဒီအတွက် ကျန်းဟောက်သွားတာ ပိုကောင်းတယ်"
လူငယ်တစ်ဦးက အကြံပြုလိုက်ပါသည်။

ယောက်ထျန်းယုက ခေါင်းညိတ်ပြီး ပြောလိုက်သည်။
"ကျန်းဟောက်… မင်းသွားလိုက်… အဲဒီအခါကျရင် ငဲ့ညှာစရာမလိုဘူးနော်…  လုမင်ကို အရှုံးပေးဖို့ အခွင့်အရေးမပေးနဲ့"

ထိုအခါ သူ့ဘေးနားရှိ လူငယ်တစ်ဦးက အေးစက်စက်ပြုံးပြီး ပြောလိုက်ပါသည်။
"ဂိုဏ်းတူအကိုယောက် မစိုးရိမ်ပါနဲ့… ကျုပ် ဒီကောင်ကို အရှုံးပေးတယ် ဆိုတဲ့စကားကို မပြောနိုင်စေရဘူး"

ပြောပြီးတာနှင့် သူ့ခန္ဓာကိုယ်က တစ္ဆေတစ်ကောင်လို လှုပ်ရှားသွားကာ လျင်မြန်စွာဖြင့် တိုက်ပွဲစင်မြင့်ပေါ်ကို ဆင်းသက်လိုက်ပါသည်။

"ဒါကကျန်းဟောက်မဟုတ်လား… ကျန်းဟောက်က မိုးပြာနဂါးခန်းမကလေ"

"ဟုတ်တယ်ဗျ၊ သူပဲ… ဘယ်လိုလုပ်ပြီး သူထွက်လာရတာလဲမသိဘူး… လုမင်တော့ အန္တရာယ်များပြီ… သူက ငါးပွဲဆက်တိုက် အနိုင်ရပြီးမှ ဘာကြောင့်မှန်းမသိဘူး၊ သူက ကြေးစင်မြင့်ကို ဆက်ပြီး စိန်မခေါ်တော့ဘဲ သူ့ရဲ့ ပြိုင်ပွဲရလဒ်တွေကို ဖျက်သိမ်းသွားခဲ့တယ်… ဒါပေမယ့် သူ့ရဲ့ခွန်အားက ငါးပွဲအနိုင်ရတာထက်ပိုတာ သေချာတယ်"

"သူ့ကို ယောက်ထျန်းယုလွှတ်လိုက်တာထင်တယ်… လုမင်က ယောက်ထျန်းယုကို တစ်ခါပစ်မှားခဲ့ဖူးတယ်လေ"

"လုမင် ဒါကို ဘယ်လိုကိုင်တွယ်ဖြေရှင်းမလဲ"

ကျန်းဟောက် တိုက်ပွဲစင်မြင့်ပေါ်ကို ရောက်တာနှင့် ဆွေးနွေးသံတွေ ထွက်ပေါ်လာခဲ့ပြန်သည်။

ထာ၀ရနဂါး တန်ခိုးရှင် ( လုမင် ) (Ch 1 - 985 ) Book 1Where stories live. Discover now