871 - 875

266 24 0
                                    


ထာဝရနဂါးတန်ခိုးရှင် ( လုမင် )
မူရင်း စာရေးဆရာ - Mu Tong Ting Zhu
ဘာသာပြန်သူ      - ထာဝရ
အပိုင်း ( 871 ) အားလုံးကို စုပုံထားလိုက်ခြင်း။

လုမင်၏ လက်ရှိ တိုက်ခိုက်နိုင်စွမ်းက ဝိညာဉ်သန္ဓေသားနယ်ပယ်နှင့် အလွန်နီးစပ်နေပြီဟု ဆိုနိုင်သည်။ သူသည် သာမန် ဝိညာဉ်သန္ဓေသားနယ်ပယ် တန်ခိုးရှင်နှင့်ပင် ရင်ဆိုင်နိုင်စွမ်း ရှိ၏။
  
လူငယ်မျိုးဆက်တွင် ပါရမီရှင်တစ်ထောင်စာရင်း၏ ထိပ်တန်းတစ်ရာအတွင်းမှ ပါရမီရှင်များမဟုတ်လျှင် မည်သူကိုမျှ မကြောက်ပါ။

"ဝုန်း"
လုမင်က ကြမ်းကြုတ်သော ရှေးဟောင်း သားရဲကြီးတစ်ကောင်ကဲ့သို့ ပြေးလွှားကာ ထိုရုပ်သေးများဖြင့် ရိုက်နှက် ဖျက်ဆီးသွားခဲ့သည်။

"ဝုန်း ဝုန်း ဝုန်း…"
တိုက်ရိုက်ဆန်ပြီး ကြမ်းကြုတ်သောနည်းဖြင့် သူသည် ထိုရုပ်သေးများဖြင့် ဖွဲ့စည်းထားသော ဝင်္ကပါကို ဖြိုခွင်းလိုက်သည်။ ထိုအခါ အားနည်းသော ရုပ်သေးများက တိုက်ရိုက် ပေါက်ကွဲသွား၏။ အစွမ်းထက် ရုပ်သေးများလည်း လွင့်ထွက်သွားကာ ခန္ဓာကိုယ်များ ပုံပျက်သွားတော့သည်။

အချို့ မီးတောက်များ၊ မိုးကြိုးများနှင့် လျှပ်စီးများကတော့ လုမင်၏အရေပြားပေါ်သို့ ကျရောက်လာသည်။ သို့သော်လည်း သူ၏ အကြေးခွံများကို ဖြတ်ကျော်မရခဲ့ပေ။
   
"ဝုန်း ဝုန်း ဝုန်း…"
လုမင်က အစွမ်းထက် ရုပ်သေးကိုးကောင်ကို ဆက်တိုက် ဖယ်ရှားပြီး ရုပ်သေးဂိုဏ်း ပါရမီရှင်အရှေ့တွင် ပေါ်လာသည်။ ထိုပါရမီရှင်က ထိတ်လန့်တကြားဖြင့် နောက်ဆုတ်ရန် ကြိုးစားလိုက်သော်လည်း လုမင်က ပါးဖြတ်ရိုက်လိုက်၏။ ၎င်းမှာ ချက်ချင်း သွေးအန်ပြီး ရှရီနှင့် ကွမ်ရုံအနားတွင် လဲကျသွားကာ ပြန်မထနိုင်တော့ပေ။
  
"ဝုန်း"
ထိုပါရမီရှင်ကို ဖြေရှင်းပြီးနောက် လုမင်က ကောင်းကင်သို့ ပြေးတက်သွားသည်။ သူသည် မီးတောက်နှစ်ခု၊ မိုးကြိုးနှင့်လျှပ်စီးဓားတစ်လက်၊ ရေခဲနှင့်ဖွဲ့စည်းထားသော နဂါးတစ်ကောင်ကို ချေမှုန်းပစ််ခဲ့၏။ ထို့နောက်တော့ ယင်းပါရမီရှင်အရှေ့တွင် ပြန်ပေါ်လာကာ လက်သီးဖြင့်ထိုးချလိုက်တော့သည်။ ထိုလူသည် ကမ္ပည်းချပ်ဝတ်ကို ဝတ်ဆင်ထားသော်လည်း ယွမ်ချီစွမ်းအင်က စိမ့်ဝင်သွားရာ အားနည်းသွား၏။ ထို့နောက်တော့ တကိုယ်‌လုံးပျော့ဖတ်ကာ ရှရီ၊ ကွမ်ရုံနှင့် အခြားပါရမီရှင်အနားကို ကိုင်ပစ်ခြင်း ခံလိုက်ရပြန်တော့သည်။

ထာ၀ရနဂါး တန်ခိုးရှင် ( လုမင် ) (Ch 1 - 985 ) Book 1Where stories live. Discover now