76 - 80

350 28 0
                                    


ထာဝရနဂါးတန်ခိုးရှင် ( လုမင် )
မူရင်းစာရေးဆရာ - Mu Tong Ting Zhu
ဘာသာပြန်သူ      - ထာဝရ
အပိုင်း ( 76 ) ယောင်္ကျားတစ်ယောက်အနေနှင့် လုပ်စရာရှိလျှင် ရဲဝံ့စွာ လုပ်ရပေမည်။

လှံအသုံးပြုပုံအပေါ်မူတည်၍ လှံရှည်အခြေခံလှုပ်ရှားမှုကို ခြောက်မျိုးခွဲထားသည်။ ဝိုက်ဆွဲခြင်း၊ ဖိချခြင်း၊ ခုခံခြင်း၊ ထိုးဖောက်ခြင်း၊ ရိုက်ချခြင်း၊ လှည့်ခြင်း။

ထိုအခြေခံကို ပိုင်နိုင်မှသာ နက်နဲသောလှံပညာရပ်များကိုလေ့ကျင့်နိုင်ပေမည်။

ချက်ချင်းပဲ လုမင်ဟာ ဇုပင်းရဲ့လှံကိုကောက်ယူပြီး ပါရာဂွန်ဘုရားကျောင်းအတွင်းမှာ လေ့ကျင့်လိုက်သည်။

"ဝှီး ဝှစ်"
လှံရှည်ဖြင့် အရှေ့ကိုထိုးဖောက်သည်။ ဝိုက်ဆွဲသည်။ လှံရှည်ဖြင့် ရိုက်ချသည်…

ထိုနည်းအတိုင်း လုမင်ဟာ အခြေခံလှံလှုပ်ရှားမှု ခြောက်မျိုးကို ထပ်ကာထပ်ကာ လေ့ကျင့်လိုက်ပါသည်။

......……

မိုးပြာနဂါးခန်းမမှ ခြံဝင်းတစ်ခု… ယင်းက အလွန်ကျယ်ဝန်းပြီး သပ်ရပ်ကာ ကောင်းမွန်သော ခြံဝင်းတစ်ခုဖြစ်၏။ ယောက်ထျန်းယုက ထိုင်ခုံတစ်လုံးမှာထိုင်ပြီး သူ့အရှေ့မှလူတွေရဲ့ သတင်းစကားတွေကို နားထောင်နေပါသည်။

ထိုအထဲမှ နှစ်ဦးက လုမင်ကို လောရောက်ခေါ်ဆောင်သူများ ဖြစ်ကြသည်။

"ဂိုဏ်းတူအကို ယောက်… လုမင်က အရမ်းမောက်မာလွန်းတယ်… သူက ဂိုဏ်းတူအကို ယောက်ကို မျက်လုံးထဲတောင် မထည့်ဘူး"
အနီရောင်ဝတ်စုံနှင့်လူငယ်က ပြောလိုက်သည်။

"လုမင်… မင်းက တပည့်သစ်ဘုရင်ဖြစ်လာရုံနဲ့ ငါ့ကို လျစ်လျူရှုထားနိုင်မယ်ထင်နေတယ်ပေါ့… ငါမင်းကို သေချာပေါက် နောင်တရစေမယ်"
ယောက်ထျန်းယုက အေးစက်စက်မျက်လုံးများဖြင့် ပြောလိုက်သည်။

"ဂိုဏ်းတူအကိုယောက်… လုမင်က မီးငှက်ခန်းမက တပည့်တစ်ယောက်နော်… တကယ်လို့ သူက မီးငှက်ခန်းမထဲမှာပဲ ပုန်းအောင်းနေမယ်ဆိုရင် ကျွန်တော်တို့ လုပ်ရကိုင်ရခက်လိမ့်မယ်"
အခြားလူငယ်တစ်ဦးက မျက်မှောင်ကြုတ်ပြီး ပြောလိုက်ပါသည်။

ထာ၀ရနဂါး တန်ခိုးရှင် ( လုမင် ) (Ch 1 - 985 ) Book 1Where stories live. Discover now