196 - 200

341 35 0
                                    


ထာဝရနဂါးတန်ခိုးရှင် ( လုမင် )
မူရင်း စာရေးဆရာ - Mu Tong Ting Zhu
ဘာသာပြန်သူ      - ထာဝရ
အပိုင်း ( 196 ) နေအင်ပါယာ တော်ဝင်မြို့တော်

လုမင်က လက်နှစ်ဖက်ကိုနောက်ပစ်ကာ လေထဲမှာ  မြေပြင်လို တစ်လှမ်းချင်း လျှောက်လှမ်းသွားခဲ့ပါသည်။

"လေဝဲခြေလှမ်း အဆင့်ခြောက်… သိုင်းပေါင်းစုံခြင်း အဆင့်ကို နောက်ဆုံးမှာတော့ ရောက်ရှိသွားခဲ့ပြီ"
လုမင်ရဲ့မျက်နှာပေါ်မှာ အပြုံးတစ်ခု ထွက်ပေါ်လာ၏။

လုမင်က သိုင်းဆရာသခင်အဆင့်လေးသာ ရှိသေးပြီး သိုင်းဆရာသခင်နယ်ပယ်ကို အဆင့်တက်လာတာလည်း မကြာသေးပါချေ။ သို့တိုင်အောင် အနက်ရောင်အဆင့်မြင့် သိုင်းပညာကို အဆင့်ခြောက်အထိ  လေ့ကျင့်နိုင်ခဲ့ချေပြီ။ ဤသတင်းသာပျံ့နှံ့သွားလျှင် လူတွေ ဘယ်လောက်တောင် တုန်လှုပ်သွားကြမလဲ သူမသိပါချေ။

"ကြည့်ရတာ ငါက တကယ့်ပြိုင်ဘက်ကင်းပါရမီရှင်ပဲ"
လုမင်က ဝံ့ကြွားစွာ ရယ်မောလိုက်ပါသည်။

အရင်တုန်းကတော့ သူနားလည်နိုင်စွမ်း မြင့်မားခဲ့ခြင်းဟာ ဘုရားကျောင်းအတွင်းရှိ ရွတ်ဆိုသံတွေကြောင့်ဟု ဆိုနိုင်ပေသည်။ သို့သော် လက်ရှိမှာတော့ ရွတ်ဆိုသံတွေ မရှိတော့ပေ။ သို့တိုင်အောင် လုမင်၏ ကျင့်ကြံခြင်းအရှိန်က လျှော့ကျမသွားသေးပါချေ။ ထိုမှတဆင့် လုမင်၏ အလွန်အံ့အားသင့်စရာကောင်းသော ပင်ကိုယ်ပါရမီကို တွေ့မြင်နိုင်ပေသည်။

"ဝှစ် ဝှစ် ဝှစ်"
လုမင်က တစ်လှမ်းချင်းလျှောက်သွားသော်လည်း လျှပ်စီးလက်သလို မြန်ဆန်နေ၏။ မျက်စေ့တစ်မှိတ်အတွင်း သူက စကြာဝဠာတည်ရှိမှုကို ဖောက်ထွက်သွားသလို မီတာတစ်ရာခန့်အကွာကို ရောက်ရှိသွားခဲ့ပါသည်။

သို့သော် လုမင်က နည်းနည်းမျှ အရှိန်မလျှော့ဘဲ လေထဲမှာ လျှောက်လှမ်းသွားခဲ့ပါသည်။ သူ့ခန္ဓာကိုယ်ကတော့ ခံစားချက်အချို့ ထွက်ပေါ်နေ၏။

"ဒါက လေစွမ်းအားပဲလား"
လုမင်က သူ့ကိုယ်သူ ပြန်ပြောလိုက်သည်။

အရင်တုန်းက သူဟာ လေဝဲခြေလှမ်းမှာ အဆင့်တက်သွားခဲ့ပြီးနောက် ယင်းကို အခွင့်ကောင်းယူကာ လေစွမ်းအားကို နားလည်ဆင်ခြင်ဖို့ ကြံရွယ်ထားခဲ့ပါသည်။

ထာ၀ရနဂါး တန်ခိုးရှင် ( လုမင် ) (Ch 1 - 985 ) Book 1Where stories live. Discover now