191 - 195

299 35 0
                                    


ထာဝရနဂါးတန်ခိုးရှင် ( လုမင် )
မူရင်း စာရေးဆရာ - Mu Tong Ting Zhu
ဘာသာပြန်သူ      - ထာဝရ
အပိုင်း ( 191 ) အရိပ်ဝံပုလွေခန်းမ ထပ်မံထွက်ပေါ်လာခြင်း

အရင်တုန်းကတော့ လီပင်းစိတ်ပူနေမှာ စိုးသောကြောင့် ဖုံးကွယ်ထားဖို့ အမြဲရွေးချယ်ခဲ့ပါသည်။

သို့သော် ဤအတောအတွင်းမှာ ရင်ဆိုင်ခဲ့ရသော အရာများစွာက သူ့ကို များစွာနားလည်လာစေခဲ့ပါ၏။

ဤသတင်းကို သူပြောပြောရပေလိမ့်မည်။ ယင်းက လီပင်းကို စိုးရိမ်ပူပန်လာစေနိုင်သော်လည်း မျှော်လင်ချက်တွေ ရှိလာစေနိုင်၏။ မည်သို့ဆိုစေ သူ့နှလုံးသားထဲမှာ မျှော်လင့်ချက်တော့ ရှိနေပါဦးမည်။

မျှော်လင့်ချက် ရှိနေလျှင် လုံလောက်ပြီဖြစ်သည်။

"ဘာပြောမလို့လဲ"
လီပင်းက လုမင်ကို လေးနက်စွာ မေးလိုက်သည်။

"အဖေ မသေသေးဘူး"
လုမင်ကလည်း လေးနက်စွာ ပြောလိုက်ပါသည်။

ယင်းကိုကြားပြီးနောက် လီပင်း၏ခန္ဓာကိုယ်က တုန်ခါသွားကာ သူ့မျက်လုံးတွေက တဆတ်ဆတ်လှုပ်ရှားလာခဲ့ပေတော့သည်။

ထို့နောက် သူ့ခန္ဓာကိုယ်က ပိုမိုတုန်ခါလာပြီး သူ့မျက်လုံးထဲမှာလည်း သန်မာသောမျှော်လင့်ချက်တွေ ဖြစ်ပေါ်လာ၏။
"မင်… မင်အာ… သားဘာပြောလိုက်တာလဲ"

"အဖေမသေသေးဘူးလို့ ပြောတာပါ"
လုမင်က ထပ်ပြောလိုက်ပါသည်။

"သူ မသေ… မသေသေးဘူးလား… မင်အာ၊ ဒါအမှန်ပဲလား"
လီပင်းဟာ အလွန်စိတ်လှုပ်ရှားသောကြောင့် မျက်ရည်များ စီးကျလာခဲ့ပါသည်။

ထို့နောက် သူက မေးလိုက်သည်။
"မင်အာ… ဒီသတင်းကို ဘယ်က ရလာတာလဲ… သူမသေသေးဘူးဆိုရင် ဒီလောက်နှစ်တွေအကြာကြီးမှာ သူဘယ်တွေသွားနေတာလဲ"

"ဒါက ဒီလိုပါအမေ… "
ထို့နောက် လုမင်က ကျိုးလင်းရှမ်နှင့်တွေ့ခဲ့သည့်အကြောင်းကို ရှင်းပြလိုက်ပါသည်။

"ဟုတ်တယ်၊ အဲတာသူပဲ… သူက ဝိညာဉ်လက်နက်ဓားနဲ့ ကြေးဆွဲပြားလေးကို လာပို့ပေးခဲ့တာ… အမေ အဲဒီတုန်းက သားအဖေ အကြောင်းကို မေးခဲ့ပေမယ့် သူက‌ သေပြီလို့ပြောခဲ့တယ်… ဒါဆို သူလိမ်နေခဲ့တာပေါ့… သူတကယ် အသက်ရှင်နေသေးတာပေါ့"
လီပင်းက မျှော်လင့်ချက်နှင့် စိတ်လှုပ်ရှားမှုတွေ ပြည့်နှက်နေသောမျက်လုံးဖြင့် ပြောလိုက်သည်။

ထာ၀ရနဂါး တန်ခိုးရှင် ( လုမင် ) (Ch 1 - 985 ) Book 1Where stories live. Discover now