251 - 255

315 31 0
                                    


ထာဝရနဂါးတန်ခိုးရှင် ( လုမင် )
မူရင်း စာရေးဆရာ - Mu Tong Ting Zhu
ဘာသာပြန်သူ      - ထာဝရ
အပိုင်း ( 251 ) သိုင်းဆရာသခင် အဆင့်ခုနစ်

"လုမင်၊ စိတ်မပူပါနဲ့… ဒီဧကရာဇ်က အကောင်းဆုံး ကြိုးစားပေးမှာပါ… ဒါပေမယ့် မင်းအဖေရဲ့ နေရာကို ရှာရဖို့က အချိန်တစ်ခုတော့ လိုလိမ့်ဦးမယ်"
ဟွာကျန်းရှင်းက တည်ငြိမ်စွာ ပြောလိုက်သည်။

"ဒါဆိုရင်လည်း လုမင်က မင်းကြီးကို ကြိုပြီး ကျေးဇူးတင်ရတော့မှာပါပဲ"
လုမင်ပ လက်နှစ်ဖက်ယှက်ပြီး ရိုးသားစွာ ပြောလိုက်ပါသည်။

ဟွာကျန်းရှင်းက သူ့ကို ကူညီနေတာဟာ သူ့ပါရမီကို သဘောကျပြီး အထောက်အကူရချင်လို့ဆိုတာ သိပြီးသားပင်။ သို့သော် ထိုကိစ္စမှာ နှစ်ဖက်စလုံး အကျိုးများရလျှင် ဘာကြောင့် မလုပ်ရပါမည်နည်း။

ဟွာကျန်းရှင်းက အလွန်ကျေနပ်စွာ ပြုံးလေ၏။ ထို့နောက် သူက တံဆိပ်တုံးထုထားသော ဖိတ်စာတစ်စောင်ကို ထုတ်ကာ ပြောလိုက်သည်။
"လုမင်… နောက်သုံးလကြာရင် ဒီဧကရာဇ်ရဲ့ နှစ်ခြောက်ဆယ်ပြည့် မွေးနေ့ပွဲရှိတယ်… ဒါက ဖိတ်စာပါ… သုံးလအကြာမှာ မင်းလာခဲ့ပါဦး"

လုမင်က စိတ်ထဲမှာ အလွန်လှုပ်ရှားသွားပြီး ဖိတ်စာကို လက်ခံလိုက်ပါသည်။
"မင်းကြီး စိတ်မပူပါနဲ့… အဲဒီနေ့ကျရင် လုမင် သေချာပေါက် လာခဲ့မှာပါ"

"ဟားဟားဟား… လုမင်၊ တော်ဝင်မြို့တော်တစ်ခုလုံးမှာ ခမည်းတော်ကိုယ်တိုင် ဖိတ်စာပေးခံရသူက အများကြီး မရှိဘူးနော်… အဲဒီလူတွေကလည်း မဟာဂိုဏ်းကြီးငါးဂိုဏ်းနဲ့ နန်းတွင်းက မှုးမတ်တွေပဲရှိတာ"
ဟွာချီက ပြုံးပြီးပြောလိုက်သည်။

"လုမင်... ဒီအတောအတွင်းမှာ မင်းသေချာလေ့ကျင့်ထားပါ… အဲဒီနေ့မှာ မဟာဂိုဏ်းကြီးငါးခုက ငွေအဆင့် ပါရမီရှင်တွေလည်း လာကြလိမ့်မယ်… အဲဒီအထဲမှာ ရှီဖန်းဓားဂိုဏ်းရဲ့ ပါရမီရှင်တွေက မင်းကို ပြဿနာရှာလာကြမှာ ငါစိုးတယ်"
ဟွာကျန်းရှင်းက အလေးအနက် သတိပေးလိုက်သည်။

လုမင်လည်း‌ ကျေးဇူးတင်ကြောင်း ပြန်ပြောပြီး ခဏကြာ စကားစမြည်ပြောလိုက်ကြလေသည်။ ထို့နောက်မှာတော့ လုမင်နှင့် ဟွာချီဟာ ပြန်လည်ထွက်ခွာလာကြတော့သည်။

ထာ၀ရနဂါး တန်ခိုးရှင် ( လုမင် ) (Ch 1 - 985 ) Book 1Where stories live. Discover now