811 - 815

264 24 0
                                    


ထာဝရနဂါးတန်ခိုးရှင် ( လုမင် )
မူရင်း စာရေးဆရာ - Mu Tong Ting Zhu
ဘာသာပြန်သူ      - ထာဝရ
အပိုင်း ( 811 ) နဝမနဂါးသွေးမျိုးဆက်ကို နတ်ဘုရားအဆင့်သို့ တိုးမြှင့်ခြင်း။

အနန္တနဂါးလှံတွင် ရွှေနက်သံများ ပေါင်းစပ်ထား၍ အခြားအဖိုးတန်သတ္တုများရှိလျှင် အဆက်မပြတ်ပေါင်းစပ်ပြီး အဆင့်မြှင့်တင်နိုင်သည်။

အဓိပဓိကျိုးယန်၏ သိုလှောင်လက်စွပ်တွင် ပို၍အဆင့်မြင့်သော ဝိညာဉ်လက်နက်များရှိသည်။ ၎င်းတို့တွင် အဆင့်ခုနစ် သို့မဟုတ် အဆင့်ရှစ်မှ လှံအမျိုးအစား ဝိညာဉ်လက်နက်များပင် ရှိ၏။

သို့သော်လည်း ထိုလက်နက်များက အရည်အသွေး မြင့်မားလျှင်ပင် အလားအလာ မရှိတော့ပါ၊ ၎င်းတို့က ထံကုန်နေခဲ့ပြီ ဖြစ်သည်။

အနန္တနဂါးလှံကတော့ အဆုံးမဲ့ အလားအလာရှိသော ဝိညာဉ်လက်နက်ဖြစ်သောကြောင့် လုမင်ဟာ ၎င်းကိုအသုံးပြုရန်ပင် သဘာဝအတိုင်း ရွေးချယ်ခဲ့ပေသည်။

သုံးနာရီကြာပြီးနောက် အနန္တနဂါးလှံထံမှ အသံများထွက်ပေါ်လာပြီး အလင်းရောင်များလည်း တောက်ပလာသည်။

"အဆင့်ခြောက်၊ ကောင်းတယ်"
လုမင် မျက်နှာပေါ်တွင် အပြုံးတစ်ခုပေါ်လာခဲ့၏။

အဖိုးတန် ရှင်းယွင်သံကို လုမင်၏ ကမ္ပည်းစွမ်းရည်ဖြင့် ပေါင်းစပ်လိုက်သောအခါ အနန္တနဂါးလှံအား အဆင့်ခုနစ် ထိပ်တန်းအဆင့်သို့ ရောက်ရှိသွားစေခဲ့တော့သည်။
   
ကောင်းကင်ထက်၊ အမှောင်ထဲမှ ကမ္ပည်းစွမ်းအားဟာ လုမင်၏ ဝိညာဉ်မီးထဲသို့ တဖြည်းဖြည်း ဆင်းသက်လာသည်။ ထို့ကြောင့် သူ၏ဝိညာဉ်မီးသည် တဖြည်းဖြည်း တိုးတက်လာသည်ဟု ထင်ရ၏။

ဤသည်မှာ အဆင့်ခြောက် ထိပ်တန်းအဆင့် ဝိညာဉ်လက်နက်ကို သန့်စင်ပြီးနောက် ပန်းပဲပဒေသမှ‌ ပေးအပ်ခဲ့သော ဆုလာဘ်ဖြစ်သည်။
   
အဆင့်ခြောက် ထိပ်တန်းအဆင့်ကို ရောက်သွားသော်လည်း လုမင်က မကျေနပ်သေးဘဲ သတ္တုတစ်ပိုင်းကိုထုတ်ယူကာ ဆက်လက် သန့်စင်လိုက်ပြန်သည်။
   
တစ်ရက်အကြာတွင် အနန္တနဂါးလှံက တုန်လှုပ်သွားပြီး အဆင့်ခြောက် အထူးအဆင့်သို့ ရောက်သွားလေတော့သည်။

ထာ၀ရနဂါး တန်ခိုးရှင် ( လုမင် ) (Ch 1 - 985 ) Book 1Where stories live. Discover now