356 - 360

317 29 0
                                    


ထာဝရနဂါးတန်ခိုးရှင် ( လုမင် )
မူရင်း စာရေးဆရာ - Mu Tong Ting Zhu
ဘာသာပြန်သူ      - ထာဝရ
အပိုင်း ( 356 ) ရှဲ့နျန်ချင်း၏ ဒေါသ

တခြားသူများမှာ ခဏကြာ အံ့ဩသွားကြ၏။

ထိုလူငယ်က အားနည်းသူတော့ မဟုတ်ပေ။ သူက ငယ်ငယ်ရွယ်ရွယ်နှင့် သိုင်းဘိုးဘေးနယ်ပယ် အဆင့်သုံးသို့ပင် ရောက်ရှိနေချေပြီ။ ၎င်းဟာ ဓားပြာမင်းမျိုးနွယ် မိသားစုမှ သေချာလေ့ကျင့်ပေးထားသူမှန်း  သိသာသည်။ ၎င်း၏ တိုက်ခိုက်နိုင်စွမ်းက အဆင့်တူသာမန်သိုင်းပညာရှင်များနှင့် ယှဉ်မရပေ။

သို့သော် ရှဲ့နျန်ချင်းအရှေ့မှာတော့ တစ်ကွက်ပင် မခံနိုင်ပေ။

ထို့ထက် လူအများစုဟာ ရှဲ့နျန်ချင်း ဘယ်လိုလှုပ်ရှားလိုက်သလဲ ဆိုတာကိုပင် မမြင်လိုက်ရပါချေ။

ပါရမီရှင်အချို့သာ ရှဲ့နျန်ချင်း၏ လှုပ်ရှားမှုကို မြင်လိုက်ကြရသည်။

"ခွေးမ..။ နင်က အတော်အတင့်ရဲတာပဲ..။ ငါတို့ ဓားပြာ မင်းမျိုးနွယ် မိသားစုက လူကိုတောင် ရိုက်ဝံ့တယ်.. သေချင်နေတာပဲ၊ အားလုံး အတူတူတိုက်ခိုက်ကြ၊ ဒီခွေးမကို ခေါ်သွားပြီး ကောင်းကောင်း ဆုံးမရမယ်"

"ဝုန်း ဝုန်း ဝုန်း"

ချက်ချင်းပင် ဝတ်စုံပြာဝတ် လူငယ်သုံးယောက်ဆီမှ သန်မာသောအရှိန်အဝါများ ပေါက်ကွဲကာ ထွက်ပေါ်လာသည်။

၎င်းတို့သုံး‌ယောက်စလုံးမှာ အဆင့်သုံး သိုင်းဘိုးဘေးများ ဖြစ်ကြ၏။ သူတို့က အတူတူတိုက်ခိုက်သောအခါ အလွန်ကြောက်စရာကောင်းနေတော့သည်။

ထိုအခါ ဖုန်းဝူကျိနှင့် လင်ရန်ချီ၏ မျက်နှာအမူအရာက ပြောင်းလဲသွားကာ ကူညီပေးရန် ဟန်ပြင်လိုက်ကြသည်။ သို့သော် လုမင်က ခပ်တိုးတိုးရယ်ပြီး စိတ်မပူရန် ပြောလိုက်၏။

"ကြည့်ထား"
ရှဲ့နျန်ချင်းက အေးစက်စက် အော်ဟစ်၍ သူ့လက်ကို ဝှေ့ယမ်းလိုက်သည်။ ထိုအခါ ကြာပန်းနက်များ ထွက်ပေါ်လာ၏။ ချက်ချင်းပင် ကြာပန်းနက်များက လူငယ်သုံးယောက်၏ တိုက်ခိုက်မှုကို ဖျက်ဆီးလိုက်ကြသည်။

ထာ၀ရနဂါး တန်ခိုးရှင် ( လုမင် ) (Ch 1 - 985 ) Book 1Where stories live. Discover now