941 - 945

227 23 0
                                    

ထာဝရနဂါးတန်ခိုးရှင် ( လုမင် )
မူရင်း စာရေးဆရာ - Mu Tong Ting Zhu
ဘာသာပြန်သူ      - ထာဝရ
အပိုင်း ( 941 ) လော့ထျန်း။

"မင်း ဘောင်ကျော်သွားပြီ"
လုမင် ပြောလိုက်၏။

သူ့တွင် အဆိပ်ကို ခုခံနိုင်သည့် ရတနာတစ်ခု ရှိထားလျှင်ပင် လော့ထျန်းကို ပေးလိုက်ပါက အဆိပ်ငွေ့များကြောင့် သူ အဆိပ်သင့်ပြီး သေဆုံးသွားရမည် ဖြစ်သည်။ လော့ထျန်းက သူ၏ သေခြင်း ရှင်ခြင်းကို လုံးဝ ဂရုမစိုက်ပေ။
   
"ဟားဟားဟား၊ အဲဒါက ဘောင်ကျော်နေတာလား။ ငါ့ကို ကူညီရတဲ့အတွက် မင်းအမှိုက်ကောင် ဂုဏ်တောင်ယူရဦးမှာ၊ မင်း မပေးရင် ငါ မင်းကို ချက်ချင်း သတ်မယ်"
လော့ထျန်း၏ မျက်လုံးများက နတ်ဆိုးစွမ်းအင်များဖြင့် တဖျပ်ဖျပ်ခတ်ပြီး သတ်ဖြတ်ချင်စိတ်များမှာလည်း ပို၍ အေးစက်လာခဲ့သည်။
   
"ဟားဟားဟား၊ လော့ထျန်း... မင်းကိုယ်မင်း ဘယ်သူထင်လို့လဲ"
လုမင်က ရုတ်တရက် လှောင်ရယ်ပြီး ခြေဆောင့်ကာ ဘေးဘက်သို့ အရှိန်ပြင်းပြင်းဖြင့် ပြေးထွက်သွားခဲ့သည်။

"မင်း‌ သေချင်နေတာပဲ"
လော့ထျန်းလည်း ခဏတာ အံ့ဩသွားပြီးနောက် ဒေါသတကြီးဖြင့် ဟိန်းဟောက်လိုက်၏။ ထို့နောက်မှာတော့ လုမင်ကို ဓားအလင်းတစ်ခုထုတ်ပြီး လက်ဝါးဖြင့် ရိုက်ချလိုက်တော့သည်။
   
ကြောက်မက်ဖွယ်ကောင်းသော ဓားအလင်းက အဆိပ်ငွေ့များကို ခွဲထုတ်လုနီး ဖြစ်သွားသည်။ ဓားအလင်းက အဆိပ်ငွေ့များကို ဖြတ်သန်းကာ လုမင်ထံသို့ ချဉ်းကပ်သွား၏။

"ဂါး"
နဂါးဟိန်းသံနှင့်အတူ လုမင်က နဂါးစွမ်းအား အားလုံးကို ထုတ်လွှတ်လိုက်ပြီး တစ်ချိန်တည်းမှာပင် တောင်တန်းနှင့်မြစ်ပြင် ပန်းချီကားကိုထုတ်ကာ သူ့ခန္ဓာအား ဝန်းရံလိုက်တော့သည်။

"ဝုန်း"
လုမင်က ဓားအလင်းကို လက်သီးနှင့် ထိုးချလိုက်သည်။ ထိုအခါ ကျယ်လောင်သော ပေါက်ကွဲသံတစ်ခု ထွက်ပေါ်လာပြီး အနီးနားရှိ အဆိပ်ငွေ့များသည်ပင် ပြန့်ကျဲသွား၏။ ကြောက်မက်ဖွယ် ဓားအလင်းလှိုင်းများက သူ့ထံသို့ အဆက်မပြတ် ပြေးလာနေသည်ကိုလည်း ခံစားလိုက်ရတော့သည်။

ထာ၀ရနဂါး တန်ခိုးရှင် ( လုမင် ) (Ch 1 - 985 ) Book 1Where stories live. Discover now