606 - 610

280 28 0
                                    


ထာဝရနဂါးတန်ခိုးရှင် (လုမင် )
မူရင်း စာရေးဆရာ - Mu Tong Ting Zhu
ဘာသာပြန်သူ      - ထာဝရ
အပိုင်း ( 606 ) မင်းက ငါ့ရဲ့ပြိုင်ဘက်ဖြစ်ဖို့ မထိုက်တန်ဘူး

'သေချင်နေတာပဲ... မင်းဘယ်နှခါ ချိုးဖြတ်နိုင်မယ်ဆိုတာ ကြည့်ကြသေးတာပေါ့'
ရှန်ကွမ်းဝူချန် စိတ်ထဲမှ ကြိမ်းမောင်းလိုက်သည်။ သူက လက်ဖျစ်တစ်ချက်တီးလိုက်သောအခါ စွမ်းအင်များက လုမင်ထံသို့ နောက်တစ်ကြိမ် တိုးဝင်သွား၏။

ထိုအခါ နံဘေးမှ မူထျန်း၏မျက်လုံးထဲမှ မနှစ်မြို့သော အငွေ့အသက်များက ပိုသန်မာလာသည်။ သူက မျက်မှောင်ကြုတ်ကာ လက်ဖျစ်တစ်ချက်တီးလိုက်၏။ ထိုအခါ သူ့ထံမှ စွမ်းအင်လှိုင်းတစ်ခုဟာ ရှန်ကွမ်းဝူချန်၏ စွမ်းအင်များကို ဖိနှိပ်ချေဖျက်သွားတော့သည်။

ရှန်ကွမ်းဝူချန်၏ မျက်လုံးများက အေးစက်သွား၍ အသံပို့လွှတ်ကာ ပြောလိုက်သည်။
"အကိုမူ... ခင်ဗျား ဒါဘာသဘောလဲ"

"ညီနောင်ရှန်ကွမ်း... သိပ်လွန်မလာပါနဲ့..။ ဆန်းကျယ်ကောင်းကင် နန်းတော်သခင်အနေနဲ့ ကျုပ်ရှိတဲ့တိုက်ပွဲတွေဟာ တရားမျှတမှုရှိရမယ်"
မူထျန်းကလည်း အသံပို့လွှတ်ကာ ပြောလိုက်၏။

"မူထျန်း... ခင်ဗျားရဲ့သမီးနဲ့ ရှန့်ရှင်းချန်ကို လက်ထပ်မပေးချင်တော့ဘူးလား"
ရှန်ကွမ်းဝူချန် အေးစက်စက်ဖြင့် ပြောလိုက်သည်။

"ဒါက မတူညီတဲ့ကိစ္စပဲ"
မူထျန်း၏ သဘောထားက ပြတ်ပြတ်သားသားပင်။

ထိုအချိန်တွင် လုမင်က ရှန့်ရှင်းချန်ဆီကို အရှိန်အဟုန်ဖြင့် ပြေးသွားလိုက်သည်။

သူဟာ နောက်ထပ် လုပ်ကြံလာမည်ကိုစိုးသောကြောင့် ခပ်မြန်မြန်ပင် လှုပ်ရှားလိုက်၏။

"ဝုန်း ဝုန်း ဝုန်း"
သူက ရှန့်ရှင်းချန်ကိုရည်ရွယ်က နဝမနဂါးခြေလှမ်းနှင့် ခြေသုံးချက်ကို ဆက်တိုက်လှမ်းလိုက်သည်။

ရှန့်ရှင်းချန်ဟာ လုံးဝမခုခံနိုင်ဘဲ သွေးအန်သွားရ၏။

နေရာရှိလူတိုင်းလည်း ဖော်ပြခြင်းငှာ မစွမ်းသာအောင် အံ့ဩနေကြတော့သည်။

ထာ၀ရနဂါး တန်ခိုးရှင် ( လုမင် ) (Ch 1 - 985 ) Book 1Where stories live. Discover now