836 - 840

250 27 0
                                    

ထာဝရနဂါးတန်ခိုးရှင် ( လုမင် )
မူရင်း စာရေးဆရာ - Mu Tong Ting Zhu
ဘာသာပြန်သူ      - ထာဝရ
အပိုင်း ( 836 ) ဒါဆို မင်းထွက်သွား။

အကြောင်းရာအတော်များများကို သူတွေးလိုက်မိသော်လည်း နောက်ထပ် မေးခွန်းများ ရှိနေဆဲပင်။

ရှဲ့နျန်ချင်းက သူ့အကြောင်းအမှန်ကို တစ်ခါမှ မပြောဖူးတာ အံ့ဩစရာတော့ မရှိပါ။ ရှဲ့နျန်ချင်းက အလွန်ထက်မြက်သော်လည်း အရှေ့ဆန်းကျယ်ဒေသမှ ဘယ်အင်အားစု၏ တပည့်မျှမဟုတ်တာလည်း အံ့ဩစရာမရှိပါ။ လျန်ခန်းကလည်းကလည်း သူ့နေရပ်ကို ပြောပြထားပြီးပြီဖြစ်၍ ဤအခြေအနေမျိုး ရှိလာသည်မှာ အံ့ဩစရာမဟုတ်ပါ။

သို့ရာတွင် ရှဲ့နျန်ချင်းထံ၌ ထိုသို့သောလက္ခဏာမျိုး ရှိပါလျက်နှင့် အလွန်ဝေးကွာသောဒေသများကိုဖြတ်ကျော်ကာ အဘယ်ကြောင့် အရှေ့ပိုင်းကန္တာရကို အဘယ်ကြောင့်ဖြတ်ကျော်ခဲ့ရပါသနည်း၊ သို့မဟုတ် ‌အစွန်အဖျားနေရာမှ နေအင်ပါယာသို့ ဘယ်လိုလုပ်ပြီး ရောက်ရှိလာသနည်း။

ဤအရာအားလုံးက ဘာအတွက်ပင်နည်း။

ရှဲ့နျန်ချင်းက ရှဲ့ကျန်းကို ဖြူဖျော့ပြီး ခါးသီးသော မျက်နှာဖြင့် မော့ကြည့်ကာ ပြောလိုက်သည်။
"နင်တို့ ဒီကိုရောက်နေတာ ငါ့ကိုရှာဖို့လား"

"ဟားဟား၊ မင်း ခန့်မှန်းချက်က တစ်ဝက်လောက်တော့ မှန်ပါတယ်။ ဒီတစ်ခေါက် ငါတို့ ဒီကိုရောက်လာတာက ခမည်းတော်ဟာ အရှေ့ပိုင်းကန္တာရက အင်အားစုတွေနဲ့ မဟာမိတ်ဖွဲ့ဖို့ စေလွှတ်လိုက်လို့ပဲ။ ဒါထက် မင်းကို ပြန်ခေါ်သွားဖို့ဆိုရင် အချိန်အများကြီး ယူရဦးမယ်လို့ ငါထင်ခဲ့တာ။ ဒီအတွက် စုံစမ်းစစ်ဆေးရေးမှာ ကူညီပေးဖို့ အကြီးအကဲတွေကို အကူညီတောင်းဖို့တောင် ပြင်ဆင်ထားခဲ့တာလေ။ မင်းရဲ့ တည်ရှိမှုက ငါ့ကို အလုက်ရှုပ် သက်သာစေခဲ့တာပဲ"
ရှဲ့ကျန်းက ပြုံးပြီး ပြောလိုက်သည်။

"ငါမပြန်ဘူး"
ရှဲ့နျန်ချင်းက တည်ငြိမ်စွာ ပြောလိုက်၏။

ရှဲ့ကျန်း၏ မျက်လုံးများက အနည်းငယ်အေးစက်သွားကာ ပြောလိုက်သည်။
"မင်းဒီလိုပြောမယ်ဆိုတာ ငါသိပါတယ်၊ ဒါပေမယ့် မင်းငြင်းလည်းမရဘူး။ မင်းအစ်ကိုအရှက်မရအောင် ငါတို့နဲ့ လိမ်လိမ်မာမာ လိုက်ခဲ့တော့"

ထာ၀ရနဂါး တန်ခိုးရှင် ( လုမင် ) (Ch 1 - 985 ) Book 1Where stories live. Discover now