341 - 345

294 34 0
                                    


ထာဝရနဂါးတန်ခိုးရှင် (လုမင် )
မူရင်း စာရေးဆရာ - Mu Tong Ting Zhu
ဘာသာပြန်သူ      - ထာဝရ
အပိုင်း ( 341 ) ရွှမ်ယွမ်ဓားဂိုဏ်းမှ တိုက်ပွဲ

ရွှမ်ယွမ်ဓားဂိုဏ်းမှာကား စစ်မီးလျှံတွေ တောက်လောက်နေခဲ့ပြီ။

ခန်းမငါးခုကလည်း အပြင်းအထန် တိုက်ခိုက်နေရ၏။

စွမ်းအင်လှိုင်းတွေကလည်း ပတ်ဝန်းကျင်ကို ဖြာထွက်နေကာ အော်သံတွေက ငရဲပွက်သကဲ့သို့ ဖြစ်နေသည်။

အချိန်နှင့်အမျှ လူတွေဟာ သေဆုံးနေရ၏။

ခန်းမငါးခုက သံချပ်ကာဝတ် စစ်သည်တွေကို အပြင်းအထန် တိုက်ခိုက်နေကာ အလောင်းတွေကလည်း နေရာအနှံ့မှာရှိနေကြသည်။

"ဂျုန်း"
ရွှမ်ယွမ်ဓားဂိုဏ်း၏ ကောင်းကင်ယံမှာတော့ တောက်ပသော ဓားအလင်းနှစ်ခုဟာ တစ်ခုကိုတစ်ခု အပြင်းအထန် တိုက်ခိုက်နေသည်။ ၎င်းတို့၏ တိုက်ခိုက်မှုက အလွန်ပြင်းထန်ရကာ ကောင်းကင်ကိုပင် ခွဲခြမ်းနိုင်ပုံရ၏။

ဓားစွမ်းအင်တွေက နေရာအနှံ့ကို ဖြာထွက်နေကာ ကြောက်မက်ဖွယ် 'စွမ်းရည်'တွေကလည်း ထွက်‌ပေါ်နေသည်။

"သွမ့်မုစန်းဟိုင်…။ မင်းတို့ သွမ့်မုမိသားစုက ရွှမ်ယွမ်ဓားဂိုဏ်းကို ဘာကြောင့် သ‌စ္စာဖောက်ရတာလဲ…။ ရွှမ်ယွမ်ဓားဂိုဏ်းက မင်းတို့ကို ကောင်းကောင်းမွန်မွန် ဆက်ဆံခဲ့ပါတယ်ကွ"
ဂိုဏ်းချုပ် လင်းရွယ်ယီ၏ ဟိန်းဟောက်သံက ကောင်းကင်ယံမှာ ထွက်ပေါ်လာသည်။ သူ့လေသံထဲမှာ ဝမ်းနည်းမှုနှင့် ဒေါသတွေ ရောစွတ်ပါဝင်နေ၏။

ကောင်းကင်ယံမှ လူရိပ်နှစ်ခုဟာ လင်းရွယ်ယီနှင့် ယခင် ကျားဖြူခန်းမ၏ ဌာနမှူးဟောင်း၊ သွမ့်မုစစ်ဖြိုသူ၏ဖခင်ဖြစ်သော သွမ့်မုစန်းဟိုင်ဖြစ်သည်။

"ဒါက ရှင်းပါတယ်…။ ငါတို့ သွမ့်မုမိသားစုက ရွှမ်ယွမ်ဓားဂိုဏ်းအတွက် နှစ်ပေါင်းတစ်ထောင်နီးပါး အလုပ်ကြိုးစားခဲ့ကြပေမဲ့ ပထမခန်းမနေရာပဲ ရထားခဲ့တယ်…။ တကယ်ဆို ရွှမ်ယွမ်ဓားဂိုဏ်းက ငါတို့အပိုင်ပဲ ဖြစ်သင့်တာကွ"
အဘိုးကြီး သွမ့်မုစန်းဟိုင်က လှောင်ပြောင်ပြောဆိုလိုက်သည်။

ထာ၀ရနဂါး တန်ခိုးရှင် ( လုမင် ) (Ch 1 - 985 ) Book 1Where stories live. Discover now