521 - 525

268 23 0
                                    

ထာဝရနဂါးတန်ခိုးရှင် ( လုမင် )
မူရင်း စာရေးဆရာ - Mu Tong Ting Zhu
ဘာသာပြန်သူ      - ထာဝရ
အပိုင်း ( 521 )  မင်းသားခေါင်းဆောင်းထားသည့် ဘီလူး

လုမင်လည်း အရက်အိုးကို လှမ်းယူလိုက်သည်။ သူက အရက်အိုးအဖုံးကို ဖွင့်လိုက်သည်တွင် ပြင်းထန်သောရနံ့တစ်ခုက ထောင်းခနဲ တိုးထွက်လာ၏။

"အရက်ကောင်းပဲ"
လုမင် ပြုံး၍ ပြောလိုက်သည်။

"ဟားဟား... တကယ့်ကို အရက်ကောင်းပေါ့၊ လာလာ... သောက်ကြရအောင်"
ဟန်မန်း အားပါးတရရယ်မော၍ အရက်အိုးလိုက် မော့သောက်လိုက်သည်။

"လာပြီ"
မုလင်းနှင့် မုစန်းလည်း အရက်အိုးကိုမြှောက်ကာ အားပါးတရပင် မော့သောက်လိုက်၏။

လုမင်လည်း အရက်ကိုမော့သောက်၍ ပြုံးကာ ပြောလိုက်သည်။
"ကောင်းလိုက်တဲ့ အရက်"

‌ယောက်ရွှမ်ကမူ သိပ်မသောက်နိုင်ဟန်ဖြင့် မျက်နှာကလေး နီရဲလာသည်။

ထို့နောက် သူတို့ငါးယောက်ဟာ အသားကင်စားရင်း အရက်ကို စိတ်အေးလက်အေး သောက်လိုက်ကြလေသည်။

မကြာမီ အရက်တစ်အိုးစီ ကုန်သွားကြသည်။ ယောက်‌ရွှမ်ကမူ အရက်အိုးတစ်ဝက်သာ ကျသေး၏။ သို့တိုင် သူ့မိက်နှာလေးက အလွန်မင်း နီမြန်းလာကာ ချစ်စရာပင် ကောင်းနေတော့သည်။

ထိုအခိုက်တွင် ဟန်မန်းမျက်လုံးက အရောင်လက်ကာ တစ်ချက် စိုက်ကြည့်လိုက်သည်။ သို့ရာတွင် ချက်ချင်း အကြည့်ပြန်လွှဲသွား၏။

"မင်းတို့ ဘယ်တော့စမှာလဲ"
ထိုအချိန်တွင် လုမင်က အရက်အိုးကိုချပြီး  ရုတ်တရက် မေးလိုက်သည်။

သူဟာ ဟန်မန်း၊ မုစန်းနှင့် မုလင်းကို မေးမြန်းလိုက်ခြင်းပင် ဖြစ်၏။

ထိုအခါ ၎င်းတို့သုံးယောက်က အံ့အားသင့်ဟန်ဖြင့် ပြောလိုက်သည်။
"ဒါက ဘာလဲညီနောင်လု၊ ခင်ဗျား ဘာပြောချင်တာလဲ"

"မင်းတို့က ဒီလိုလုပ်စေချင်တာလား"
လုမင် တစ်ချက် ပြုံးလိုက်၏။

ဟန်မန်းတို့သုံးယောက်လည်း အလွန်အံ့ဩသွားပုံရသည်။

"ညီနောင်လု၊ ခင်ဗျားနောက်နေတာ မဟုတ်လား... ကျုပ်တို့က ခင်ဗျားကို ဘာလုပ်ရမှာလဲ"
ဟန်မန်းက ရိုးသားစွာ ပြုံးလိုက်သည်။

ထာ၀ရနဂါး တန်ခိုးရှင် ( လုမင် ) (Ch 1 - 985 ) Book 1Where stories live. Discover now