796 - 800

262 24 0
                                    

ထာဝရနဂါးတန်ခိုးရှင် ( လုမင် )
မူရင်း စာရေးဆရာ - Mu Tong Ting Zhu
ဘာသာပြန်သူ      - ထာဝရ
အပိုင်း ( 796 ) ပိုင်ကျွင်းတောင်မှ ထွက်ခွာခြင်း။

ဘုရင်အဆင့်ကိုး သွေးမျိုးဆက်နှင့် နတ်ဘုရားအဆင့်တစ် သွေးမျိုးဆက်သည် အဆင့်တစ်ခုသာ ခြားနားပုံရသော်လည်း စွမ်းအားအရာမှာတော့ မိုင်ပေါင်း တစ်သိန်းရှစ်ထောင် ကွာခြားကာ လုံးဝနှိုင်းယှဉ်စရာမရှိပေ။

နတ်ဘုရားအဆင့်သွေးမျိုးဆက်ကို မနိုးထနိုင်ပါက ထိုသူ၏ အနာဂတ်အောင်မြင်မှုများအားလုံးမှာ အကန့်အသတ် ရှိလာမည် ဖြစ်သည်။

နတ်ဘုရားအဆင့် သွေးမျိုးဆက်ကို နိုးထစေခြင်းဖြင့်သာ ၎င်းအား နတ်ဘုရားအဆင့် ပါရမီရှင်တစ်ဦးအဖြစ် မှတ်ယူနိုင်ပြီး အနာဂတ်အောင်မြင်မှုများအတွက် အဆုံးမရှိဖြစ်နိုင်ချေများ ရှိလာပေလိမ့်မည်။

ပါရမီရှင်တစ်ထောင်စာရင်း၏ ထိပ်တန်းသုံးရာကတော့ နတ်ဘုရားအဆင့်သွေးမျိုးဆက်ကို နိုးထစေခဲ့သော ပါရမီရှင်များချည်း ဖြစ်သည်။

'ဒါက နတ်ဘုရားအဆင့်သွေးမျိုးဆက်လား'
လုမင်၏ မျက်လုံးများက မျှော်မှန်းချက်ဖြင့် တောက်ပလာသည်။

ထိုအချိန်တွင် လုံချမ်းလီ၏ ခန္ဓာကိုယ်က အလင်းတန်းတစ်ခုအဖြစ်သို့ ပြောင်းလဲသွားသည်။ ၎င်းက သူ့သွေးမျိုးဆက်ထဲကို ပြေးဝင်သွားခဲ့ပုံရ၏။

"သတ်"
ခေါင်းသုံးလုံး ရေနဂါးက အမှန်တကယ် စကားပြောလာသည်။ အသံကတော့ လုံချမ်းလီအသံနှင့် အတူတူပင် ဖြစ်၏။ ခေါင်းသုံးလုံး ရေနဂါးက အသက်ရှင်လာပြီး အစစ်အမှန် ခေါင်းသုံးလုံး‌ရေနဂါးအဖြစ်သို့ ပြောင်းလဲသွားပုံရပေသည်။

သွေးမျိုးဆက် ပေါင်းစပ်မှု။
   
နတ်ဘုရားအဆင့်သွေးမျိုးဆက်ကို နိုးထလာသူတစ်ဦးစီက သွေးမျိုးဆက်ပေါင်းစပ်မှုကို လုပ်ဆောင်နိုင်ကြသည်။ ၎င်းတို့ ခန္ဓာကိုယ်က သွေးမျိုးဆက််အဖြစ်သို့ ပြောင်းလဲကာ ကြောက်မက်ဖွယ်ကောင်းသော တိုက်ခိုက်နိုင်စွမ်းများဖြစ် ပေါက်ကွဲနိုင်ကြ၏။

ခေါင်းသုံးလုံးရေနဂါးက လက်သည်းကြီးများဖြင့် လွမ်ဖုန်းယွင်နှင့် အခြားသူများဆီသို့ ရိုက်ချလိုက်သည်။

ထာ၀ရနဂါး တန်ခိုးရှင် ( လုမင် ) (Ch 1 - 985 ) Book 1Where stories live. Discover now