26 - 30

473 41 0
                                    


ထာဝရနဂါးတန်ခိုးရှင် ( လုမင် )
မူရင်း စာရေးဆရာ - Mu Tong Ting Zhu
ဘာသာပြန်သူ       - ကိုခန့်
အပိုင်း ( 26 ) မီးငှက်ခန်းမ

ရွှမ်ယွမ်ဓါးဂိုဏ်းမှာ ခန်းမငါးခုရှိပြီး တစ်ခုစီက ကြီးမားတဲ့တောင်တစ်လုံးစီကို သိမ်းပိုက်ထားခဲ့ပါသည်။

အလယ်တောင်တွင်ချီလင်ခန်းမ၊ အရှေ့ဘက်တောင်တွင် မိုးပြာနဂါးခန်းမ၊ ‌အနောက်ဘက်တောင်တွင် ကျားဖြူခန်းမ၊ တောင်ပိုင်းတောင်တွင် မီးငှက်ခန်းမနှင့် မြောက်ဘက်တောင်တွင် လိပ်နက်ခန်းမဟူ၍ အသီးသီးရှိကြသည်။

သို့သော် ယခု ဂိုဏ်းဝင်ခွင့်စမ်းသပ်မှုကို ထိုတောင်ငါးလုံး၏အရှေ့ရှိ တောင်မှာ ကျင်းပမည်ဖြစ်ပြီး ယင်းက ရွှမ်ယွမ်ဓါးဂိုဏ်းရဲ့ ဂိတ်ဝပင်။

လုမင်နှင့် ချင်ယွဲ့တို့ ရောက်ရှိသွားချိန်မှာ လူအများအပြားရောက်ရှိနေလေပြီ။ အများစုက ဆယ်ကျော်သက် လူငယ်တွေဖြစ်ပြီး အနည်း‌ဆုံး လူတစ်သောင်းကျော်ခန့်ရှ်ိသည်။

တောင်ခြေမှာတော့ ရွှမ်ယွမ်ဓါးဂိုဏ်းကို ဦးတည်သွားသော လမ်းမနှစ်ခုရှိပါသည်။

"ကျောက်စိမ်းပြားပေးအပ်ခံထားရသူများ ညာဘက်လမ်းအတိုင်းသွားကြပါခင်ဗျာ… ကျောက်စိမ်းပြား မရှိသူများကတော့ ဂိုဏ်းဝင်ခွင့် စမ်းသပ်မှုခံယူဖို့ ဘယ်ဘက်လမ်းအတိုင်း သွားကြပါခင်ဗျာ"
ဓါးတစ်လက်ကို ကျောမှာလွယ်ထားသည့် လူငယ်တစ်ဦးက ကျယ်လောင်စွာ ပြောဆိုနေလေသည်။

လုမင်တို့လို ကျောက်စိမ်းပြား အထောက်အထားရှိသူတွေက ဂိုဏ်းဝင်ခွင့် စမ်းသပ်မှုတွင် ပါဝင်စရာမလိုတော့ပါချေ။ သူတို့က ရွှမ်ယွမ်ဓါးဂိုဏ်းကို တိုက်ရိုက်ဝင်ရောက်နိုင်၏။

အကြောင်းမူ ထိုကျောက်စိမ်းပြားဟာ ရွှမ်ယွမ်ဓါးဂိုဏ်းရဲ့ ကျွမ်းကျင်သူတွေက သဘောကျနှစ်သက်သော ပါရမီရှင်တွေကိုသာ ပေးအပ်လေ့ရှိသောကြောင့်ပင်။

လုမင်ဆိုရင်လည်း မူလန်ဆီမှ ကျောက်စိမ်းပြားရရှိထားသောကြောင့် သဘာဝအရ စမ်းသပ်မှုခံယူစရာမလိုတော့ပါချေ။

"ချင်ယွဲ့ … စမ်းသပ်မှု သွားခံယူလိုက်ပါ"
လုမင် ပြုံးပြီး ပြောလိုက်ပါသည်။

ထာ၀ရနဂါး တန်ခိုးရှင် ( လုမင် ) (Ch 1 - 985 ) Book 1Where stories live. Discover now