376 - 380

305 28 0
                                    


ထာဝရနဂါးတန်ခိုးရှင် (လုမင် )
မူရင်း စာရေးဆရာ - Mu Tong Ting Zhu
ဘာသာပြန်သူ      - ထာဝရ
အပိုင်း ( 376 ) တုန်မင် ရှေးဟောင်းစစ်မြေပြင်

"ဝုန်း ဝုန်း"
ထိုစဉ် ကောင်းကင်ယံမှာ ကြောက်မက်ဖွယ် အရှိန်အဝါများ ပေါက်ကွဲကာ ထွက်ပေါ်လာသည်။ ၎င်းက သမုဒ္ဒရာရေပြင်ကဲ့သို့ နက်ရှိုင်းလှပြီး တိုင်းတာမရနိုင်ပေ။

အားလုံး အထိတ်တလန့်ဖြစ်သွားကာ မော့ကြည့်လိုက်ကြ၏။ ထိုအခါ ကျောက်တောင်များအထက်မှာ ပေါ်လာခဲ့သော လူရိပ်လေးခုကို မြင်လိုက်ရသည်။

ထိုပုံရိပ်လေးခုဟာ ကျောက်တောင်များ၏ လမ်းကြောင်းလေးခုတွင် ခွဲကာ ရှိနေကြသည်။

တစ်ယောက်စီက ရွှေရောင်၊ အနီရောင်၊ အပြာရောင်.. စသည်ဖြင့် အလင်းရောင်များ တောက်ပနေ၏။

သို့သော် အံ့ဩစရာကောင်းလောက်အောင် ၎င်းတို့၏ ခန္ဓာကိုယ်ကို မမြင်ကြရပေ။

"ဘုရင်.. ဒါက သိုင်းဘုရင်ပဲ"

"သိုင်းဘုရင်တွေ ရောက်လာပြီဟေ့..။ တုန်မင် ရှေးဟောင်းစစ်မြေပြင်ရဲ့ ဝင်ပေါက်ပွင့်တော့မယ်"

တစ်ယောက်က အော်ဟစ်လိုက်၏။

ထိုအခါမှပင် ယွင်တိတောင်တန်းနှင့် မြစ်တစ်ထောင်ဧရိယာကြားမှ တင်းမာမှုများ ပြေလျော့သွားခဲ့သည်။

"ဝုန်း ဝုန်း"
သိုင်းဘုရင်လေးယောက်က ၎င်းတို့လက်များကို ဝှေ့ယမ်းလိုက်သောအခါ တောက်ပသောအလင်းများ ကျဆင်းလာသည်။

ထိုအခါ ကျောက်တောင်များရှိ မှော်သင်္ကေတများမှ တောက်ပသောအလင်းများ ဖြာထွက်လာ၏။

"ကောင်လေး.. မင်းငါ့ရဲ့ ရတနာတွေကို အမြန်ပေးလိုက်သင့်ပြီနော်..။ မဟုတ်ရင် မင်းအခုမသေရင်တောင် ရှေးဟောင်းစစ်မြေပြင်ကို ဝင်သွားခဲ့ရင် သေချာပေါက် မင်းသေရမယ်"
လီချိုးရွှေက လုမင်ကို စိုက်ကြည့်ကာ ပြောလိုက်သည်။

လုမင်ကတော့ သူ့နှုတ်ခမ်းကိုသာ တွန့်ကွေးကာ လုံးဝ လျစ်လျူရှုလိုက်၏။

ထိုအခါ လီချိုးရွှေဟာ ရှူးရှူးရှားရှား ဖြစ်လာတော့သည်။

"ညီလေး.. မင်းဘာလို့ သူနဲ့ စကားများနေရတာလဲ..။ တုန်မင်ရှေးဟောင်းစစ်မြေပြင်ကို ရောက်တဲ့အခါမှ သူ့ကို တိုက်ရိုက်သတ်ပစ်လိုက်ရင် ပြီးနေတာကို..။ နောက်ပြီး သူတင်မကဘူး.. ယွင်တိတောင်တန်းက လူတွေကိုမြင်ရင် သူတို့အားလုံးကိုပါ သတ်ပစ်ရမယ်"
ကျန်းချွန်းက သရော်ဟန်ဖြင့် ပြောလိုက်သည်။

ထာ၀ရနဂါး တန်ခိုးရှင် ( လုမင် ) (Ch 1 - 985 ) Book 1Where stories live. Discover now