206 - 210

298 31 0
                                    


ထာဝရနဂါးတန်ခိုးရှင် ( လုမင် )
မူရင်း စာရေးဆရာ - Mu Tong Ting Zhu
ဘာသာပြန်သူ      - ထာဝရ
အပိုင်း ( 206 ) လျှို့ဝှက်ခန်းကို သိမ်းပိုက်မည်

ထို့နောက် လုမင်က မျက်လုံးတစ်ချက် ဝေ့ကြည့်လိုက်သည်။

ပတ်ဝန်းကျင်တွင် လျှို့ဝှက်အခန်းပေါင်း နှစ်ဆယ်ကျော်ခန့်ရှိနေလေ၏။

၎င်းတို့အထဲမှာ တစ်ဒါဇင်ကျော်က ခပ်မှိန်မှိန်အလင်းတွေ ထွက်ပေါ်နေခဲ့ပါသည်။ အခန်းခြောက်ခုသာ အလင်းရောက်မရှိပါချေ။

လုမင်လည်း လွတ်နေသော လျှို့ဝှက်ခန်းတစ်ခုဆီသို့ လျှောက်သွားလိုက်သည်။

အလယ်မှာ တင်ပျဉ်ခွေထိုင်နေသော လူငယ်ခြောက်ဦးက လုမင်တစ်ယောက် လျှို့ဝှက်အခန်းဆီကို လျှောက်သွားတာကိုမြင်ပြီးနောက် မျက်လုံးတွေ ဖျတ်ခနဲပွင့်လာခဲ့ကြသည်။

'ဒီကောင်လေးကို ငါတစ်ခါမှ မမြင်ဖူးဘူးဟေ့… သူက ငချွတ်လေးပဲနေမှာ'

'ဟားဟားဟား… သူက ဒီကိုလာရဲတယ်‌… ငါဒီမှာ စောင့်နေရတာ ရက်အတော်ကြာသွားခဲ့ပြီ… နောက်ဆုံးမှာတော့ လျှို့ဝှက်အခန်းတံခါးဖွင့်ပေးမယ့် လူတစ်ယောက်ရောက်လာခဲ့ပြီပေါ့… ငါလှုပ်ရှားတော့မယ်ဟေ့'

လူငယ်ခြောက်ဦးက တွေးလိုက်ကြပါသည်။

"အကိုထျန်းယွမ်"
မင်ဖုန်းက အနည်းငယ် စိတ်လှုပ်ရှားသွားပြီး လုမင်အနောက်ကို လိုက်သွားခဲ့ပါသည်။

နောက်ဆုံးမှာတော့ သည်နေရာမျိုးမှာ အခြားသူ၏လျှို့ဝှက်အခန်းကို လုယက်ဝံ့သူက ရက်စက်ကြမ်းကြုတ်ကြသူတွေ ဖြစ်နိုင်ပေသည်။

လုမင်ကတော့ ဂရုစိုက်မနေဘဲ အက္ခရာကျောက်ကိုးလုံးကို ထုတ်ယူလိုက်သည်။

တတိယထပ်ရှိ လျှို့ဝှက်အခန်းကို ဖွင့်ရန် အက္ခရာကျောက်ကိုးလုံး လိုအပ်ပါသည်။

ကျောက်တံခါးတွင် ချိုင့်ကျင်းအနည်းငယ်ရှိနေ၏။

လုမင်က ချိုင့်ကျင်းထဲကို အက္ခရာကျောက်ကိုးလုံး ထည့်လိုက်သောအခါ အလင်းရောင်တွေ တောက်ပလာပြီး ကျောက်တံခါးက ပွင့်သွားခဲ့သည်။

ထာ၀ရနဂါး တန်ခိုးရှင် ( လုမင် ) (Ch 1 - 985 ) Book 1Where stories live. Discover now