936 - 940

266 21 0
                                    

ထာဝရနဂါးတန်ခိုးရှင် ( လုမင် )
မူရင်း စာရေးဆရာ - Mu Tong Ting Zhu
ဘာသာပြန်သူ      - ထာဝရ
အပိုင်း ( 936 ) တားမြစ်နယ်မြေကိုးခု။

"ရွှမ်း"
နဝမနဂါးက စွမ်းအားပြကာ ဖီးနစ်ငှက်၏ အတောင်ပံတစ်ခုကို ဆုတ်ဖြဲပစ်လိုက်သည်။

ဖီးနစ်လည်း ငိုကြွေးကာ အနောက်ကို အလွန်လျင်မြန်စွာ ဆုတ်ခွာသွားခဲ့၏။

နဝမနဂါးက နဝမနဂါးခြေလှမ်းကိုသုံးကာ ဖီးနစ်ဆီသို့ ပြေးသွားပြီး ခြေသည်းကိုးချောင်းဖြင့် အဆက်မပြတ် ကုပ်ဆွဲလိုက်သည်။

ဖီးနစ်ခန္ဓာကိုယ်တွင် ဒဏ်ရာများဖြင့် စုတ်ပြဲသွား၏။ ၎င်းက ကြောက်ရွံ့သော အကြည့်များဖြင့် အဆက်မပြတ် အော်မြည်လိုက်သည်။

နောက်ဆုံးတွင် ရှည်လျားသော အော်မြည်သံဖြင့် ဖီးနစ်က အလင်းတန်းတစ်ခုအဖြစ်သို့ ပြောင်းလဲကာ မျက်လုံးတစ်မှိတ်အတွင်း လှည့်ထွက်ပြေးသွားတော့သည်။

နန်းကုန်းပို ထွက်ပြေးလွတ်မြောက်သွားခဲ့ပြီ။

သို့သော်လည်း လုမင်က လိုက်မသွားခဲ့ပါ။ နန်းကုန်းပိုက အလွန်သန်မာပြီး ကျင့်ကြံခြင်းအခြေခံကလည်း သူ့ထက် အဆင့်နှစ်ဆင့်မြင့်မားသည်။ လုမင်က ၎င်းကို အနိုင်တိုက်နိုင်လျင်ပင် သတ်ဖြတ်ရန်ကား လွယ်ကူမည်မဟုတ်ပေ။
   
"ပြေး"
နန်းကုန်းပို ထွက်ပြေးသည်အား မြင်ရပြီးနောက် အခြားသူများလည်း ကြောက်လန့်တကြားဖြင့် အော်ဟစ်ကာ ထွက်ပြေးရန် ကြိုးစားလိုက်ကြသည်။

သို့ရာတွင် အနီးနားမှ ကမ္ပည်းစာများက ဝင်္ကပါဖြစ်လာပြီး ပိတ်ဆို့သွား၏။

ဝမ်လဲ့ကျန်း၊ ကုန်းဖေး၊ မုံ့ကျားနှင့် ကျမိုင်တို့က တပြိုင်နက်တည်း လှုပ်ရှားကာ နေရာတစ်ခုလုံးကို ပိတ်ဆို့လိုက်ကြသည်။
 
လုမင် အသွင်ပြောင်းသော နဝမနဂါးကလည်း အေးစက်စက်မျက်လုံးများဖြင့် ဝမ့်ချန်ရှေ့တွင် ပေါ်လာခဲ့၏။

"မဟုတ်ဘူး၊ မဟုတ်ဘူး၊ သေစမ်း..."
ဝမ့်ချန် အလွန်ကြောက်သွားပြီး ထွက်ပြေးရန် ကြိုးစားလိုက်သည်။

လုမင်က ဤမျှ ကြောက်စရာကောင်းမည်ဟု သူဘယ်တုန်းကမှ မမျှော်လင့်ခဲ့ပေ။ နန်းကုန်းပိုသည်ပင် သူ့ပြိုင်ဘက် မဟုတ်တော့ဘဲ ဒဏ်ရာပြင်းထန်စွာရပြီး တစ်ယောက်တည်း ထွက်ပြေးခဲ့ရသည်။

ထာ၀ရနဂါး တန်ခိုးရှင် ( လုမင် ) (Ch 1 - 985 ) Book 1Where stories live. Discover now