311 - 315

315 32 0
                                    


ထာဝရနဂါးတန်ခိုးရှင် (လုမင် )
မူရင်း စာရေးဆရာ - Mu Tong Ting Zhu
ဘာသာပြန်သူ      - ထာဝရ
အပိုင်း ( 311 ) ချင်ယွဲ့

"မင်းကိုသတ်မယ့်သူ"
လုမင်က အပိုစကားပြောရန် ပျင်းရိလွန်းလှသည်။ သူက လှံချက်တစ်ချက်ကို တိုက်ရိုက်ထုတ်ဖော်လိုက်ပါသည်။

လေနှင့်မီးပေါင်းစပ်ခြင်း။

ထိုလူက အဆင့်သုံးသိုင်းဘိုးဘေးသာ ဖြစ်ပေရာ လုမင်ကို လုံးဝမခုခံနိုင်ပေ။ သူက လက်ချက်ထိမှန်၍ ချက်ချင်းသေဆုံးသွားတော့သည်။

လုမင်က တိုက်ပွဲကို တစ်ချက် အကဲခတ်ကြည့်လိုက်ပါသည်။

နေအင်ပါယာ၏ ကျွမ်းကျင်သူအများစုဟာ ရွှမ်ယွမ်ဓားဂိုဏ်းနှင့် တစ္ဆေလဓားဂိုဏ်းမှ လာကြသူများ ဖြစ်ကြသည်။ သို့သော် လက်ရှိမှာတော့ အားနည်းသည့်ဘက်ကို ကျရောက်နေခဲ့ကြချေပြီ။

ထိုစဉ် လေထဲမှာ ပေါက်ကွဲသံတစ်ချက်နှင့်အတူ အလွန်အစွမ်းထက်သော အရှိန်အဝါတွေ ထွက်ပေါ်လာ၏။ ယင်းက အဆင့်ခုနစ်သိုင်းဘိုးဘေး၏ အရှိန်အဝါပင် ဖြစ်တော့သည်။

မနီးမဝေးမှာတော့ ချင်ယွဲ့ဟာ အဖြူရောင်စကတ်ကို ဝတ်ဆင်ထားပြီး အလွန်အေးစက်သော အငွေ့အသက်တွေ ထွက်ပေါ်နေ၏။ သူက လက်ကိုတစ်ချက် ဝေ့ယမ်းလိုက်တာနှင့် လေထဲမှာ အေးစက်စက်အငွေ့အသက်တွေက ပြည့်နှက်သွားကာ အရာအားလုံးက အေးခဲသွားရသည်။

သူတို့မတွေ့ရသော အချိန်အတွင်းမှာ ချင်ယွဲ့က ပိုမိုလှပလာ၏။ သူ့ခန္ဓာကိုယ်ကလည်း ယခင်ကထက် ပိုဖွံ့ဖြိုးလာခဲ့ချေပြီ။ သို့သော် လှပသောသူ့မျက်နှာကတော့ အလွန်အေးစက်နေပေသည်။ သူ့အရှိန်အဝါတွေကလည်း အလွန်အေးစက်နေ၏။

ချင်ယွဲ့၏ အရှိန်အဝါတွေအရ သူက အဆင့်နှစ် သိုင်းဘိုးဘေး အစောပိုင်းအဆင့်ကို ရောက်ရှိနေခဲ့လောက်ပေပြီ။ ထိုတိုးတက်မှုအရှိန်က လုမင်ကိုပင် တုန်ခါသွားစေ၏။

သူ့ပြိုင်ဘက်က အဆင့်သုံး သိုင်းဘိုးဘေးဖြစ်သော်လည်း ချင်ယွဲ့က ဂရုမစိုက်ပေ။

"ပကတိအေးခဲခြင်း"
ချင်ယွဲ့က သူ့လက်ကို ဝှေ့ယမ်းလိုက်သောအခါ အဆုံးမဲ့အအေးလှိုင်းတွေ ထွက်ပေါ်လာခဲ့ပါသည်။ သူ့ပြိုင်ဘက်က ဒေါသတကြီး ဟိန်းဟောက်လိုက်သော်လည်း အသုံးမဝင်ဘဲ ရေခဲရုပ်တုအဖြစ်ပြောင်းလဲသွားခဲ့ရပါသည်။ ချင်ယွဲ့က လက်ဝါးတစ်ချက် ထပ်မံရိုက်ထုတ်လိုက်ရာ ရေခဲရုပ်တုဟာ ချက်ချင်းပင် ပြိုကွဲသေဆုံးသွားတော့သည်။

ထာ၀ရနဂါး တန်ခိုးရှင် ( လုမင် ) (Ch 1 - 985 ) Book 1Where stories live. Discover now